DVB Logo
Home
မြန်မာသတင်း
ဗမာ+အာခါ တိုင်းရင်းသူ မေမွန် Miss Eco International Myanmar အလှမယ်သရဖူဆုရရှိ
DVB
·
February 2, 2022
ဗမာ+အာခါ တိုင်းရင်းသူ မေမွန် Miss Eco International Myanmar အလှမယ်သရဖူဆုရရှိ
Donate to DVB

Miss Eco International Myanmar 2022 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ဗမာ + အာခါ တိုင်းရင်းသူ မေမွန်က ဆွတ်ခူးရရှိခဲ့ပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုတဲ့ အလှမယ်တွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကတည်းက ခေါ်ယူခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်တွေထဲက ပဏာမ ဆန်ခါတင် အလှမယ်တွေကို ကနဦး ရွေးချယ်ခဲ့ပြီး Challenge တွေနဲ့ ယှဥ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အလှမယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာတော့ အသက် ၂၄ နှစ်အရွယ် အလှမယ် မေမွန်က သရဖူ ဆွတ်ခူးရရှိခဲ့ပြီဖြစ်ကာ လာမယ့်မတ်လမှာ အီဂျစ်နိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဥ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

Miss Eco International အလှမယ်ပြိုင်ပွဲတွေကိုတော့ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်ကစ တင်ကာ စေလွှတ်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်မှာ အလှမယ် နန်းဆိုင်လိမ့်ခမ်း၊ နောက် တနှစ် ၂၀၁၇ ခုနှစ်မှာတော့ အလှမယ် မေမြတ်နိုးခင်၊ ၂၀၁၈ ခုနှစ်မှာ အလှမယ် ခခစံနဲ့ ၂၀၁၉ ခုနှစ်မှာ အလှမယ် သိုင်းသူသူသွေးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ်မှာတော့ အလှမယ် နန်းဝေဝေထွန်းက  သွားရောက်ယှဥ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013