DVB Logo
Home
မြန်မာသတင်း
၂၀၁၉ ခုနှစ် Miss Grand International အလှမယ်သရဖူ အိမ်ရှင်ဗင်နီဇွဲလားမယ် ဆွတ်ခူး(ရုပ်သံ)
DVB
·
October 28, 2019
၂၀၁၉ ခုနှစ် Miss Grand International အလှမယ်သရဖူ အိမ်ရှင်ဗင်နီဇွဲလားမယ် ဆွတ်ခူး(ရုပ်သံ)
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲမှာ အိမ်ရှင် ဗင်နီဇွဲလားအလှမယ် ဗလန်တီနာ ဖီဂွဲရာက သရဖူဆွတ်ခူးရရှိသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပွဲမှာ နိုင်ငံတကာအလှမယ် ၅၉ ဦးကို ဖြတ်ကျော်ကာ အသက် ၁၉ နှစ်အရွယ် အလှမယ်က အခုလို ဆွတ်ခူးနိုင်ခဲ့တာပါ။

First Runner Up ဆုကိုတော့ မက္ကဆီကိုအလှမယ်၊ Second Runner Up ဆုကို ထိုင်းအလှမယ်၊ Third Runner Up ဆုကို ပနားမားအလှမယ်နဲ့ Forth Runner Up ဆုကိုတော့ ဘရာဇီးအလှမယ်တွေက အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အကောင်းဆုံးညနေခင်း ပွဲတက်ဝတ်စုံဆု(Best in Evening Gown)ကိုတော့ ပီရူး အလှမယ်က ရရှိသွားခဲ့ပြီး အကောင်းဆုံး ရေကူးဝတ်စုံအလှမယ်ဆု(Best in Swimsuit) ကိုတော့ ပနားမားအလှမယ်က ရရှိသွားတာပါ။

အကောင်းဆုံးအမျိုးသားဝတ်စုံဆု (Best National Costume)ကိုတော့ အီကွေဒေါ အလှမယ်က ရရှိသွားခဲ့ပြီး ရေပန်းစားအလှမယ်(Miss Popular Vote)ကိုတော့ ဗီယက်နမ် အလှမယ်တွေက အသီးသီး ဆွတ်ခူးရရှိခဲ့တာပါ။

အခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မွှေးသက်က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရေပန်းစားအလှမယ်(Miss Popular Vote) ၁၀ ဦးစာရင်းနဲ့ အကောင်းဆုံးအမျိုးသားဝတ်စုံဆု (Best National Costume) ထိပ်တန်းအယောက် ၂၀ စာရင်းမှာ ဦးဆောင်ပါဝင်ခဲ့ပေမယ့် ဆုတော့ မရရှိခဲ့ပါဘူး။

Miss Grand International အလှမယ်ပြိုင်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အလှမယ် ဆုမြတ်ဖူးနဲ့ ၂၀၁၇ ခုနှစ်မှာ အလှမယ် အေးချမ်းမိုးတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ဆုရရှိခဲ့တာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013