DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး မြင့်တက်ခြင်းကြောင့် ပရဟိတအသင်းများ ရပ်တည်ရန် ခက်ခဲ
DVB
·
January 28, 2022
စက်သုံးဆီဈေး မြင့်တက်ခြင်းကြောင့် ပရဟိတအသင်းများ ရပ်တည်ရန် ခက်ခဲ
Donate to DVB

မော်တော်ယာဉ် စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ကချင်ပြည်နယ်က ပရဟိတ လူမှုကူညီရေးအသင်းတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

ပရဟိတလူမှုကူညီရေးအသင်းမှာ အသုံးပြုတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စက်သုံးဆီ စျေးနှုန်း မြင့်တက်လာတဲ့အတွက် လူနာပို့ဆောင်လုပ်ငန်း  ရေရှည်ရပ်တည်ဖို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ မိုးညှင်းမြို့ ပရဟိတလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မိုးညှင်းမြို့ ပရဟိတလူမှုကူညီရေးအသင်း လုပ်ကိုင်သူတစ်ဦးက “စက်သုံးဆီဈေးက အဆမတန်တက်လာတယ်။ ဒီပုံစံနဲ့ဆို  အသင်းရပ်တည်ဖို့ နဲ့ လူနာ ပို့ဆောင်ပေးဖို့ ခက်ခဲလာပြီ။ စီးပွားရေးကျပ်တည်းနေတဲ့ကာလ ဖြစ်နေတော့ အလှူရှင်က အရင်ကလောက် မရှိတော့ဘူး" လို့ ပြောပါတယ်။

စက်သုံးဆီစျေး မြှင့်တက်လာတဲ့အတွက် ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာလည်း  လူမှုကူညီရေးအသင်းငယ်တွေအနေနဲ့ လူနာပို့ဆောင်တာတွေ ခေတ္တရပ်နားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ၁၆၈၀  ကျပ်၊  95 ဓာတ်ဆီ တစ်လီတာကို ၁၇၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၇၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၁၇၆၀ ကျပ်ထိရှိနေပြီး မြစ်ကြီးနားမြို့အထက် မြို့ရွာတွေမှာတော့ စက်သုံးဆီ စျေးနှုန်း  ၂၀၀၀ နဲ့ အထက်ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013