DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့တွင် မူကြိုကျောင်းသူ အပါအဝင် ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
January 26, 2022
ပေါင်မြို့တွင် မူကြိုကျောင်းသူ အပါအဝင် ၄ ဦး ကိုဗစ်-၁၉  ကူးစက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့၊ လူမှုဝန်ထမ်းကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းက အသက် ၅ နှစ်အရွယ် မူကြိုကျောင်းသူတယောက် အပါအဝင် ၄ ယောက်မှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မူကြိုကျောင်းသူရဲ့ အသက် ၇၀ နှစ်အရွယ် အဘိုးဖြစ်သူ အသက်ရှုကျပ်ပြီး ပေါင်မြို့နယ် Isolation Ward  သီးသန့်ဆောင်မှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးကြည့်ရာမှ ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မိသားစုဝင်တွေကို ရောဂါပိုး ရှိ မရှိ ထပ်မံ စစ်ဆေးရာမှာတော့ မူကြိုကျောင်းသူ အပါအဝင် ပေါင်မြို့နယ် ကဒါကမ်းနားရှိ မူလတန်းကျောင်းက အသက် ၉ နှစ်အရွယ် ကျောင်းသား တယောက်နဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသား တယောက် ၊ စုစုပေါင်း မိသားစုဝင် ၄ ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ရောဂါပိုးကူးစက်ခံရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မူကြိုကျောင်းနဲ့ မူလတန်းကျောင်းက ဆရာ၊ဆရာမ အပါအဝင် ကျောင်းသူကျောင်သားတွေကို ၁၁၇ ယောက်ကို RTD နဲ့ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာတော့ အားလုံးမှာ ရောဂါပိုး မတွေ့ဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ အဲဒီကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကို လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာ ရောဂါပိုး ရှိ မရှိ PCR စက် နဲ့ ထပ်မံစစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။

ပေါင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ကျားဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြ ဆရာမ အပါအဝင် ကျောင်းသူ၊ကျောင်းသား ၁၀ ယောက်မှာ  ကိုဗစ်ရောဂါပိုး တွေ့ရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013