DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့က လေဘေးသင့်ပြည်သူများ နေအိမ်ဆောက်လုပ်ရန် အခက်အခဲရှိနေ
DVB
·
August 15, 2025
ပေါင်မြို့က လေဘေးသင့်ပြည်သူများ နေအိမ်ဆောက်လုပ်ရန် အခက်အခဲရှိနေ
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းနဲ့ လေဆင်နှာမောင်းကြောင့် မွန်ပြည်နယ်။ ပေါင်မြို့မှာ နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့ရတဲ့ လေဘေးသင့်ပြည်သူတွေအနေနဲ့ လက်ရှိန်အချိန်ထိ ပြန်လည်ပြုပြင်ဆောက်လုပ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လေဘေးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ ငွေကြေးမပြည့်စုံတဲ့အပြင် စစ်ကောင်စီခန့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ပံ့ကြေးကိုလည်း အပြည့်အဝ မရရှိခဲ့ဘူးလို့ လေဘေးသင့်ပြည်သူတယောက်က DVB ကို ပြောပါတယ်။

“အိမ်ဆောက်ပစ္စည်းစျေးတွေက ခေါင်ခိုက်နေလို့ လက်လုပ်လက်စားသမားတွေဆိုတော့ အိမ်ပြန်ဆောက်ဖို့က တော်တော်လေး ခက်ခဲတာပေါ့။ ပြည်နယ်အစိုးရအဖွဲ့က လာပေးတဲ့ အလှူငွေကလည်း အပြည့်မရဘူးလေ၊ တဝက်နှုန်းပဲရတယ်။ အလှူရှင်တွေတော့ လာလှူကြတယ် ပြောတာပဲ၊ ဒီဘက်ကိုတော့ မရောက်လာကြဘူး။ လောလောဆယ်တော့ ထောက်ပံ့ကြေးရတဲ့ ငွေလေးနဲ့ သူများအိမ်မှာ တလကို ၃၀,၀၀၀ ကျပ်နဲ့ ငှားပြီးနေနေရတယ်။”

ဒါ့အပြင် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့က ပေါင်မြို့ လေဘေးသင့် ပြည်သူတွေအတွက် ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ ပြိုကျနေအိမ်တလုံးအတွက် ငွေကျပ် ၅၀၀,၀၀၀၊ အမိုးလန်နေအိမ်တလုံးအတွက် ငွေကျပ် ၃၀၀,၀၀၀ သတ်မှတ်ကာ ထောက်ပံ့ခဲ့ပေမဲ့ အပြည့်အဝ မရရှိတာကြောင့် တချို့မှာ ယာယီတဲထိုး နေထိုင်နေရသလို တချို့မှာ နီးစပ်ရာ ဆွေမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရကြောင်း လေဘေးသင့်ပြည်သူတွေထံက သိရပါတယ်။

ပေါင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်မှ ၂၇ ရက်အထိ ၅ ရက်ဆက်တိုက် လေပြင်းနဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အပါအဝင် နေအိမ်အဆောက်အအုံ ၅၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး လေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အထိ ရှိလာကြောင်း ကူညီကယ်ဆယ်ဆောင်ရွက်ခဲ့သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013