DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် တိုက်ပွဲအကြိမ် ၁၈၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၁၀၀၀ ကျော် သေဆုံး
DVB
·
January 26, 2022
ချင်းပြည်နယ်တွင် တိုက်ပွဲအကြိမ် ၁၈၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၁၀၀၀ ကျော် သေဆုံး
Donate to DVB

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအကြိမ်ရေ ၁၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁,၀၂၉ ယောက် သေဆုံးခဲ့တယ်လို့ Chinland Joint Defense Committee(CJDC) က ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ မတရားအာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေက စစ်အာဏာရှင်စနစ်ကို မုန်းတီးလက်မခံကြောင်း၊ တန်းတူဖက်ဒရယ်​ဒီမိုကရေစီ ပြည်ထောင်စုလိုချင်ကြောင်း ငြိမ်းချမ်းစွာ လမ်းမပေါ် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ပေးမယ့်အစား လူမဆန်စွာ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့တာကြောင့် အဲဒီလုပ်ရပ်တွေကနေ ကာကွယ်နိုင်ဖို့အတွက် မြို့နယ်/ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာခဲ့ကြပြီး ဧပြီလ ၂၄ ရက်က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အခုထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်အထိ ချင်းပြည်နယ်အတွင်း မြို့နယ်၊ ဒေသတွေအလိုက် တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ၊ ထိခိုက်သေဆုံးမှုတွေကို ဖော်ပြ ထားခဲ့တာဖြစ်ပြီး တိုက်ပွဲပေါင်း ၁၈၀ ကျော်ထဲမှာ မင်းတပ်မြို့နယ်က အကြိမ်ရေ ၆၀ နဲ့ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဟားခါးမြို့နယ်မှာ ၂၅ ကြိမ်၊ ဖလမ်းမြို့နယ်မှာ ၁၉ ကြိမ်၊ ထန်တလန် မြို့နယ်မှာ ၁၈ ကြိမ်၊ ကန်ပက်လက်မြို့နယ်မှာ ၁၇ ကြိမ်စီနဲ့ အများဆုံးဖြစ်ပွားခဲ့ကာ ဒီစာရင်းတွေထဲမှာ တိုက်ပွဲငယ်တွေကို ထည့်သွင်းဖော်ပြမထားဘူးလို့ ဆိုပါတယ်။

အချိန် ၈ လကျော်အတွင်း နှစ်ဘက် အသေအပျောက်စာရင်းမှာတော့ ချင်းပြည်ကာကွယ် ရေးတပ်တွေဘက်က ၅၈ ယောက်နဲ့ အပြစ်မဲ့ အရပ်သားပြည်သူ ၂၇ ယောက် သေဆုံးခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀၀၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လူမဆန်စွာ ပစ်ခတ်နှိမ်နင်းတာ၊ လေ ကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးသုံး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေကြောင့် တိုင်ေနဲ့ ပြည်နယ်အနှံ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃၈၀,၀၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013