DVB Logo
Home
မြန်မာသတင်း
၂၀၂၂ ခုနှစ် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
DVB
·
January 26, 2022
၂၀၂၂ ခုနှစ် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ ၂၀၂၂ ခုနှစ် စီးပွားရေးတိုးတက်နှုန်းဟာ ၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

တချို့ကဏ္ဍတွေမှာ တည်ငြိမ်လာမယ့် အရိပ်လက္ခဏာတွေပေါ်ပေါက်လာပေမဲ့ အဲဒီခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးဟာ အလွန်အမင်း အားနည်းနေတဲ့ စီးပွားရေး အခြေအနေကို ထင်ဟပ်နေတယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ၊ ကမ္ဘာ့ဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က “မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး စိုးရိမ်စရာ အနေအထားမှာရှိနေပါတယ်၊ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ရူထောင့်က စိုးရိမ်စရာ ဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတွေအပေါ်  နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်” လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ဇူလိုင်လမှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ ကိုဗစ်ပထမလှိုင်းကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ပြန်လည် တိုးတက်လာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းကျုံ့သွားမယ်လို့  ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ပါတယ်။

ပြီးတော့ ကိုဗစ်−၁၉ကပ်ကူးစက်ရောဂါပျံ့နှံ့မှုနဲ့ စစ်အာဏာသိမ်းမှုမဖြစ်ပေါ်ခဲ့ရင် ရှိနေမယ့် စီးပွားရေးတိုးတက်မှုနှုန်းပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားနိုင်တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုအခါမှာတော့ ကူးသန်းသွားလာမှုဆိုင်ရာ တည်ငြိမ်လာမှုကို စတင်တွေ့မြင်ရပြီဖြစ်ပေမဲ့ လက်လီကုန်သွယ်မှု၊ အပန်းဖြေမှုနဲ့ သယ်ယူပို့ဆောင်ရေး၀င်ငွေတွေဟာ ကမ္ဘာ့ကပ်ရောဂါ မဖြစ်ပွားခင် အဆင့်အောက် ၃၀ ရာခိုင်နှုန်းလောက်အထိ ဆက်လက်နိမ့်ကျနေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ကဆိုပါတယ်။ ဒါ့အပြင် စားသုံးသူ၀ယ်လိုအားက ၀င်ငွေနဲ့ အလုပ်အကိုင် ထိခိုက်ခဲ့မှုတွေကြောင့် ဆက်လက်အားနည်းနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သွင်းအားစုအပိုင်းနဲ့ ဝယ်လိုအားတို့မှာ အားနည်းချက်တွေ ရှိနေသေးတာက လုပ်ငန်း တွေလည်ပတ်မှုအပေါ် အတားအဆီး ဖြစ်နေဆဲဖြစ်ပြီး၊ စိုက်ပျိုးရေးထွက်ကုန် လျော့ကျလာတာ၊ အလျှင်အမြန် ကုန်စျေးနှုန်းဖောင်းပွလာတာနဲ့ ချေးငွေ ရရှိနိုင်မှု နည်းပါးလာတာတို့ကြောင့် စားနပ်ရိက္ခာ ဖူလှုံနိုင်မှုကိုလည်း ပိုမိုဆိုးဝါးလာစေနိုင်တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာကဆိုပါတယ်။

ရေရှည်မှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မှုကို အဟန့်အတားဖြစ်စေလိမ့်မယ်လို့ ခန့်မှန်းထားပြီး ဆင်းရဲမွဲတေမှု ပမာဏဟာလည်း ကိုဗစ် −၁၉ ကူးစက်ရောဂါ မဖြစ်ပွားခင်ကထက်အခုအခါမှာ နှစ်ဆ ပိုမိုများပြားလာတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013