DVB Logo
Home
မြန်မာသတင်း
ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ ငွေကျပ် ၂၁၂ သန်းကျော်ဖိုး NUG လှူဒါန်း
DVB
·
January 26, 2022
ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ ငွေကျပ် ၂၁၂ သန်းကျော်ဖိုး NUG လှူဒါန်း
Donate to DVB

လိုအပ်နေတဲ့ ပြည်သူတွေအတွက် ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် ငွေကျပ် ၂၁၂ ဒသမ၂၆ သန်းဖိုး အကူအညီတွေ လက်ဝယ်ရောက်အောင် ကြိုးစားပေးပို့ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ့ရဲ့လူမှုကွန်ရက်မှာ သတင်းထုတ်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေနဲ့ စစ်ဘေးရှောင်တွေအတွက်  ကျပ်  ၁၂၇ ဒသမ ၄၅ သန်းဖိုး၊ ကျဆုံးပုဂ္ဂိုလ်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကျပ် ၁၈ ဒသမ ၁၀ သန်း၊ CDM ဝန်ထမ်းတွေအတွက်  ၁၀ ဒသမ ၁၀ သန်း၊ CDM ကိုယ်ဝန်ဆောင် မိခင်နဲ့  ကလေး အသက် ၂ နှစ်အောက်ရှိ မိခင်တွေနဲ့ မသန်စွမ်းများအပါအဝင် ထိခိုက်လွယ် ပြည်သူတွေအတွက် ၈ ဒသမ ၈၂ သန်း၊ တော်လှန်ရေးကာလ ပြည်သူတွေရဲ့ ရိက္ခာအဖြစ် ၃၄ ဒသမ ၃၀ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူညီ ၁၃ ဒသမ ၄၉ သန်းကူညီပေးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဘက်ဘက်က ပိတ်ပင်မှုတွေကြားက  နစ်နာတဲ့ ပြည်သူတွေရဲ့ လက်ဝယ်ရောက်အောင် ကြိုးစားပေးပို့ခဲ့တာဖြစ်ပြီး ဒီလို ထောက်ပံ့ပေးနိုင်ဖို့အတွက် ပြည်တွင်း ပြည်ပမှ ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကိုလည်း ကျေးဇူးအထူးတင်ရှိတယ်လို့ ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်တပ်က မတရားအာဏာသိမ်းမှုအပြင် မတရားဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတို့ကြောင့် နေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရသူအရေအတွက် တိုးလာနေတာဖြစ်ပါတယ်။

ဒါ့အပြင်နေ့စဉ်နစ်နာနေတဲ့ ပြည်သူတွေအတွက် ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်းမရှိအောင် စစ်ကောင်စီက  ခရီးသည်တင်လိုင်းကားတွေမှာ  ဆေးပစ္စည်း၊ စားသောက်စရာ၊ အဝတ်အထည် စတာတွေကို တင်ဆောင်ခွင့် ပိတ်ပင်နေတဲ့အပြင် ငွေကြေးစီးဆင်းမှု ရပ်တန့်ဖို့ ဘဏ်အကောင့်၊ ငွေလွှဲဝန်ဆောင်မှုတို့ကို နေ့စဉ် ပိတ်ပင်တားဆီးနေတယ်လို့ NUG ဝန်ကြီးက ပြောပါတယ်။

ကရင်နီဒေသက စစ်ဘေးရှောင်တွေအတွက်လည်း အရေးပေါ်စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) အပါအဝင် ဒေသခံမိတ်ဖက် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဇန်နဝါရီ ၁ ရက်မှ ၂၄ ရက်အထိ စုစုပေါင်းငွေကျပ်သိန်း ၉၉၀ ကျော် ပံ့ပိုးထားတယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ  လူဦးရေ ၃၇၇,၈၀၀  လောက်  စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013