DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီတာခ အတင်းအကျပ်ကောက်ခံနေသည့် ဇီးကုန်းမြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ
DVB
·
January 25, 2022
လျှပ်စစ်မီတာခ အတင်းအကျပ်ကောက်ခံနေသည့် ဇီးကုန်းမြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ
Donate to DVB

လျှပ်စစ်မီတာခအတင်းအကျပ်ကောက်ခံနေတဲ့ ပဲခူးတိုင်း ဇီးကုန်းမြို့နယ်လျှပ်စစ်ရုံးမှာ ဇန်နဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဇီးကုန်း PDF ကနေ သိရပါတယ်။

ဇီးကုန်းမြို့နယ် လျှပ်စစ်ရုံးကို မနေ့က မနက် ၉ နာရီလောက်မှာ ဇီးကုန်း PDF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ ZG-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီ ကို ပြောပါတယ်။

အဲဒီ EPC ရုံးကို ပြည်သူလူထုဆီကနေ စစ်ကောင်စီရဲ့အလိုကျ လျှပ်စစ်မီတာခတွေ အတင်းအကျပ်လိုက်လံကောက်ခံနေလို့ ဗုံးခွဲသတိပေးလိုက်တာဖြစ်ပြီး မီတာခတွေကို အတင်းအကျပ် ဆက်လက်ကောက်ခံမယ်ဆိုရင် ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ဇီးကုန်မြို့နယ်ထဲက ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာခ လုံးဝမပေးဆောင်ကြဖို့နဲ့ မီတာရုံးနားကို သွားလာတာတွေ၊ မီတာရုံးက Non CDM ဝန်ထမ်းတွေနဲ့ အနီးကပ်ဆက်ဆံတာတွေ၊ မီတာခ လိုက်ကောက်တဲ့ ဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ သတိပေးထားပါတယ်။

ဇီးကုန်းမြို့ခံတစ်ယောက်က “ဇီးကုန်း EPC ရုံးဘက်မှာ မနေ့မနက်ပိုင်း ဗုံးပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်တယ်ဗျ။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဖြတ်သွားတာ တွေ့ရတယ်။ ဗုံးခွဲတဲ့သူတွေကို သွားရှာကြတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇီးကုန်းမြို့ဝင်မြို့ထွက် ဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်ထားပြီးတော့ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013