DVB Logo
Home
မြန်မာသတင်း
ဖောက်ခွဲရေးပစ္စည်းမှောင်ခိုသွင်းလာသည့် မြန်မာ ၁ ဦးအပါအဝင် ၃ ဦးကို မီဇိုရမ်တွင်ဖမ်းမိ
DVB
·
January 25, 2022
ဖောက်ခွဲရေးပစ္စည်းမှောင်ခိုသွင်းလာသည့် မြန်မာ ၁ ဦးအပါအဝင် ၃ ဦးကို မီဇိုရမ်တွင်ဖမ်းမိ
Donate to DVB

မြန်မာနိုင်ငံသား တယောက် အပါအဝင် လူ ၃ ယောက်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက မီဇိုရမ်ပြည်နယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မှောင်ခိုပစ္စည်းတွေ အများအပြားသွင်းဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ UCA သတင်းမှာ ဖော်ပြပါတယ်။ 

အိန္ဒိယဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ သူတို့ ၃ ဦးကို ဆက်လက်စုံစမ်း စစ်ဆေးဖို့အတွက် ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

သူတို့ဆီကနေ ဂျယ်လက်တင်အချောင်း ၂၅၀၀ ကီလိုဂရမ်နဲ့  ဖျူးစ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀ တန်ကြေးရှိတဲ့ အိန္ဒိယနဲ့မြန်မာ ငွေကြေးတွေ အပါအဝင် တရားမဝင် ခိုးသွင်းလာတဲ့ တားမြစ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတားမြစ်ပစ္စည်းတွေဟာ မြောက်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ် ကန်ပူရ်ကနေ လာတာဖြစ်မယ်လို့ သံသယရှိပြီး CNA စစ်သွေးကြွတွေအတွက် လက်နက်ကိုင်ဆောင်ဖို့ မြန်မာနိုင်ငံက တနေရာရာကို ပို့ဆောင်နေတာဖြစ်မယ်လို့လည်း စွပ်စွဲထားပါတယ်။

လူဦးရေ ၃ သိန်း ၇ သောင်းရှိတဲ့ ပြည်နယ်မြို့တော် အိုက်ဇောမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူ ၆ ထောင်ကျော်လောက် ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ချင်းပြည်နယ်ရှိ သူပုန်တပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရခဲ့ပြီး မီဇိုရမ်ပြည်နယ်သို့ ခိုးဝင်ခဲ့ကြောင်း ဒေသခံ လူမှုဝန်ထမ်းတစ်ဦးက UCA News ကို ပြောကြားခဲ့ပါတယ်။

သူတို့ဟာ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ရှိနေပြီးတော့ တယောက် သေဆုံးပြီး ကျန်သုံးယောက် သူတို့ရဲ့ခန္ဓာကိုယ်မှ ကျည်စတွေကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ် လို့ ဆိုပါတယ်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် အထူးသဖြင့် မီဇိုရမ်နဲ့ မဏိပူရတို့မှာ လုံခြုံရေး တိုးမြှင့်ချထားပါတယ်။ မဏိပူရက ဖေဖော်ဝါရီ ၂၇ ရက်နဲ့ မတ်လ ၃ ရက် တို့မှာ ဆန္ဒမဲပေးဖို့တွေရှိလို့ အထူးသတိထားဖို့လိုကြောင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

လတ်တလောလတွေအတွင်း မြန်မာစစ်တပ်က ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ခုခံတော်လှန်သူတွေကို အရှိန်အဟုန်မြှင့်နှိမ်နင်းမှုတွေ လုပ်ဆောင်လာတာကြောင့် မီဇိုရမ်ပြည်နယ်ကို ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၁၈,၀၀၀ မှ ၂၀,၀၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013