DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်ကို BIMSTEC ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုရန် တောင်းဆို
DVB
·
January 23, 2022
အာဏာသိမ်းစစ်ခေါင်းဆောင်ကို BIMSTEC ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုရန် တောင်းဆို
Donate to DVB

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုပေးနေတာကို ချက်ချင်းရပ်တန့်ဖို့နဲ့  စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့  Justice For Myanmar ကဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအစုအဖွဲ့ BIMSTEC ဟာ လာမယ့် မတ်လ ၃၀ ရက်နေ့ သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၅) ကြိမ်မြောက် BIMSTEC နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကျင်းပဖို့ ပြင်ဆင်နေကြပြီး ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံ တက်ရောက်ဖို့ အတည်ပြုပြီးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက သတင်းထုတ်ထားပါတယ်။ 

BIMSTEC အဖွဲ့ဟာ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံခဲ့ကြသလို အခုထိပ်သီးအစည်းအဝေးမှာလည်း စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတက်ရောက်လာမယ့် အန္တရာယ်ကြီးရှိနေတယ်လို့ Justice For Myanmar အဖွဲ့က ဆိုပါတယ်။

ဒီလို ဖြစ်လာပါက စစ်ကောင်စီရဲ့ သံတမန်သစ် ခန့်အပ်ဖို့ ကြိုးပမ်းတာကို ငြင်းဆိုခဲ့တဲ့ ကုလသမဂ္ဂနဲ့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြုခဲ့တဲ့ အာဆီယံအဖွဲ့တို့ကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီစိတ်ဆန္ဒအပေါ် စိတ်ပျက်ဖွယ်ရာ လျစ်လျူရှုမှုတရပ် ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။

“တရားမဝင်စစ်ကောင်စီအနေနဲ့ BIMSTEC တင်မဟုတ်ဘဲ တခြားဘယ်ကမ္ဘာ့ဖိုရမ်တွေမှာမှ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ လူထုထောက်ခံချက် ရရှိထားတာ မရှိပါဘူး။ BIMSTEC ရဲ့ ထိတွေ့ဆက်ဆံမှုက စစ်ကောင်စီကို သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ရဲဆေးတင်ပေးခြင်းသာ ဖြစ်ပါတယ်”လို့ Justice For Myanmar ရဲ့ သတင်းထုတ်ပြန်ချက်မှာ‌ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့တဲ့  BIMSTEC စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ စစ်ကောင်စီတပ်တွေကို ပူးပေါင်းပါဝင်ခွင့်ပြုခဲ့သလို တရားမဝင်စစ်ကောင်စီ ကိုယ်စားလှယ်တွေဟာလည်း BIMSTEC   အစည်းအဝေးတွေကို  တက်ခွင့်ပြုခဲ့ပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်  အခုလို  BIMSTEC အဖွဲ့ရဲ့ လုပ်ရပ်မှတ်တမ်းတွေက ရှက်စရာကောင်းတယ်လို့ Justice For Myanmar က ဝေဖန်ပါတယ်။

BIMSTEC အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံ စတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၇ နိုင်ငံ ပူးပေါင်းပါဝင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013