DVB Logo
Home
မြန်မာသတင်း
ARSA အဖွဲ့လှုပ်ရှားမှုပြန်ပေါ်လာသဖြင့် နေရပ်ပြန်မည့် ဟိန္ဒူနှင့် မွတ်စလင်များ စိုးရိမ်
DVB
·
January 22, 2022
ARSA အဖွဲ့လှုပ်ရှားမှုပြန်ပေါ်လာသဖြင့် နေရပ်ပြန်မည့် ဟိန္ဒူနှင့် မွတ်စလင်များ စိုးရိမ်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ARSA အဖွဲ့ ပြန်လှုပ်ရှားလာတဲ့အတွက် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နေရပ်ပြန်လာကြမယ့် ဟိန္ဒူနဲ့  မွတ်စလင်တွေ စိုးရိမ်နေကြတယ်လို့  ဒေသခံတွေက ပြောပါတယ်။

မောင်တောခရိုင်အတွင်း ARSA က ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က  စခန်း ၃၀ ကျော်ကို တိုက်ခိုက််ရာကစတင်ပြီး စစ်တပ်ကနယ်မြေရှင်းလင်းစဥ် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားခဲ့ကြတဲ့ မွတ်စလင်နဲ့ ဟိန္ဒူ တချို့ နေရပ်ပြန်ဖို့ ရှိနေတာပါ။

နေရပ် စွန့်ခွာသွားတဲ့ ဟိန္ဒူလူမျိုး ၃၀၀ ကျော်နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာဘက်မှာ သူတို့ အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ မရှိစိစစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို အကြောင်းကြားထားတယ်လို့ မကြာသေးခင်ကပဲ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မောင်တောဒေသမှာ ARSA အဖွဲ့ လှုပ်ရှားမှုတွေ ပြန်ပေါ်လာတဲ့အတွက်‌ နေရပ်ပြန်လာကြမယ့်သူတွေ စိုးရိမ်နေကြတယ်လို့လည်း မောင်တောဒေသ ဟိန္ဒူလူမျိူးခေါင်းဆောင် ဦးမောင်နီက ပြောပါတယ်။

"ဟိုဘက်မှာ နေရကြရတာလည်း စိုးရိမ်စိတ်ရှိကြတာကတော့ ARSA အဖွဲ့ရဲ့ခြိမ်းခြောက်မူတွေ ကိုစိုရိမ်နေကြတယ်လို့ ကျနော့်ကို အကြောင်းကြားလာတာတွေရှိတယ်​။ အခုလည်း ARSA ရဲ့လှုပ်ရှားမူတွေ မြေပြင်ရှိလာသလို အွန်လိုင်းမှာလည်း ဗီဒီယိုတွေပါ တွေ့လာနေကြရတော့ စိုးရိမ်မှုတွေပိုရှိ လာနေကြတယ်။ ၂၀၁၇ ခုနှစ်ကလည်း ရက်စက်စွာသတ်ဖြတ်တာတွေ။ အတင်းအဓမ္မပြုကျင့်တာတွေလုပ်ခဲ့တာတွေ ခံခဲ့ရတာဆိုတော အခုသူတို့ပြန်ပေါ်လာကြတယ်ဆို တော့ စိုးရိမ်စရာတွေအများကြီးရှိပါတယ်။”

၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်မှာ မောင်တောမြောက်ပိုင်းရှိ ဟိန္ဒူကျေးရွာတွေဖြစ်တဲ့ ခမောင်းဆိပ်ကျေးရွာအုပ်စု  ရဲဘော်ကျကျေးရွာ၊ သစ်တုံးနားကျေးရွာအုပ်စုမှ အိုးထိန်းကျေးရွာ ၊ငါးခူရကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ စတဲ့ရွာတွေက ဟိန္ဒူ မိသားစု ၁၁၃ စု လူဦးရေ အယောက်  ၄၄၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွါသွားခဲ့ကြတာပါ။

နှစ်နိုင်ငံနယ်ခြားအနီး နေထိုင်နေသူကိုဒီမာမတိက " နေရပ်ပြန်ဖို့ အဓိက ကျနော်တို့ စိုးရိမ်တာက လုံခြုံရေးအခြေအနေကိုစိုးရိမ်ကြတာပါ။ အထူးသဖြင့် ရခိုင်မြောက်ပိုင်း မောင်တောဒေသမှာ AA ရယ်။ ARSA ရယ်။ အစိုးရတပ်မတော်ရယ် တော်တော်လေးလှုပ်ရှားမှုတွေရှိနေတယ်။ အဲ့ဒါကြောင့် နေရပ်ပြန်ရင်လည်း လုံခြုံရေးအခြေအနေစိတ်မချရဘူး။"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း မောင်တောမြို့နယ်မှာ စစ်တပ်နဲ့ ARSA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာလတုန်းကလည်း ခုံတိုင်ကျေးရွာသား ၂၀ ကျော် တောထဲ ဝါးသွားခုတ်သွားချိန်မှာ ARSA က သေနတ်နဲ့ ပစ်ခတ်လို့ ကျေးရွာသား တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ အတွင်းမှာပဲ ARSA အဖွဲ့ ခေါင်းဆောင်တွေအပါအဝင် အင်အား ၅၀ ကျော်လောက်ရှိတဲ့ အဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလှုပ်ရှားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ထွက်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013