DVB Logo
Home
Lead Story
တိုတယ်နှင့်ရှက်ဖရွန် နုတ်ထွက်ခြင်း (သို့မဟုတ်) စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်ကြီးတစ်ခု ပြိုလဲခြင်း
DVB
·
January 22, 2022
တိုတယ်နှင့်ရှက်ဖရွန် နုတ်ထွက်ခြင်း (သို့မဟုတ်) စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်ကြီးတစ်ခု ပြိုလဲခြင်း
Donate to DVB

တိုတယ်စွမ်းအင်ကုမ္ပဏီ (TOTAL) နှင့် ရှက်ဖရွန် (Chevron) မြန်မာပြည်မှ နုတ်ထွက်မည့် သတင်းသည် အရေးကြီးသည့် အလှည့်အပြောင်းတခု ဖြစ်သည်။ မြန်မာပြည်အပေါ် စစ်တပ် စိုးမိုးထားနိုင်ရေးကို အထောက်အကူပြုနေသည့် ကြီးမားအရေးပါသည့် ဒေါက်တိုင်ကြီးတစ်ခု ပြိုကျသွားခြင်းဖြစ်သည်။ တိုတယ်နှင့် ရှက်ဗရွန်မှ ရနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများသည် မြန်မာအာဏာရှင်မျိုးဆက်တခုပြီးတခုကို ထောက်ကူပေးခဲ့သည်။ စစ်တပ်ကို အားကြီးသထက်ကြီးလာအောင် လုပ်ပေးခဲ့ပြီး အချို့သော မိသားစုများနှင့် လူပုဂ္ဂိုလ်များကို မတန်တဆ ချမ်းသာစေခဲ့သည်။ အရည်အချင်းမဲ့ ရာဇဝတ်ကောင် မင်းအောင်လှိုင်လက်ထက်တွင် အရာရာပြိုကျသကဲ့သို့ပင် ရေနံသဘာဝဓာတ်ငွေ့ ဝင်ငွေလမ်းသည်လည်း ယခု ပြိုကျနေခဲ့ပြီ။ အာရှ၏ မအောင်မြင်ဆုံးသော အာဏာသိမ်းခေါင်းဆောင်အဖြစ်၊ မြန်မာပြည်ကို အကြီးမားဆုံးသော ဘေးဒုက္ခသင့်စေခဲ့သူအဖြစ် မင်းအောင်လှိုင်ကို သမိုင်းက အမှတ်ရလိမ့်မည်။ 

ယခုအခါ မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်း (MOGE) ကို ဒဏ်ခတ်ရေးတွင် အဟန့်အတား ဆက်မလုပ်ဖို့ အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့အပေါ် မူတည်သွားပြီ ဖြစ်သည်။ 

သူတို့က MOGE ကို ဒဏ်ခတ်ပိတ်ဆို့ရန် အဆင်ပြေကြောင်း အမေရိကန်အစိုးရနှင့် ပြင်သစ်၏ အီးယူမိတ်ဆွေများကို မီးစိမ်းပြရမည်။ သို့မဟုတ် ရေနံသဘာဝဓာတ်ငွေ့ဝင်ငွေများ စစ်အာဏာရှင်များလက်ထဲ ရောက်မသွားအောင် တားဆီးအရေးယူမှု တခုခုလုပ်ရန် အဆင်ပြေကြောင်း မီးစိမ်းပြရမည်။ 

(ဘိုင်ဒန်နှင့် မက်ခရွန်ဆီသို့ အောက်ပါ Link တွင် သင်ကိုယ်တိုင် ပါဝင်လက်မှတ်ထိုးတောင်းဆိုပါ- https://bit.ly/oilgasmyanmar)

ယခုသတင်းသည် တပ်မတော်သားအားလုံးနှင့် စီးပွားရေး အသိုင်းအဝိုင်းသို့ ကြီးမားသော အချက်ပေးခေါင်းလောင်းသံဖြစ်သည်။ မအလနှင့် သူ့စစ်အာဏာရှင်များသည် နစ်မြုပ်နေသည့်လှေ ဖြစ်သည်။ သူတို့ကို အမြန်စွန့်ခွာ၍ သူတို့ဘာသာ နစ်မြုပ်သွားကြပါစေ။ တိုင်းပြည်ကိုပါ သူနှင့်အတူ ဆွဲနှစ်သွား၍ နောက်ထပ်သောပြိုပျက်မှုများ၊ လူမရှိသောမြို့များ၊ မီးလောင်ထားသော ရွာများ၊ အကျဉ်းကျခံ အနှိပ်စက်ခံဘဝများ၊ အသက်ဆုံးရှုံးရမှုများ စသည့် နောက်ထပ်သော ကြေကွဲစရာများ အဖြစ်မခံပါနှင့်တော့။ နစ်နေသော သူ့လှေကို စွန့်ခွာကြပါတော့။ 

တိုတယ်နှင့် ရှက်ဖရွန် မြန်မာပြည်မှ ထွက်ခွာသွားရန် ကာလကြာရှည် လှုပ်ရှားခဲ့သူအားလုံးကို ကျေးဇူးတင် ချီးကျူးပါ၏။ ထိုထက်ပို၍ လူသတ် စစ်အာဏာရှင်များ၏ အာဏာလုမှုကို သတ္တိပြောင်စွာ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ မြန်မာပြည်သားများအား အလေးပြုပါ၏။ မြန်မာပြည်သူတို့၏ လွတ်လပ်သောဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတွင် နေထိုင်ရှင်သန်ရေး ရည်မှန်းချက် အောင်ပွဲခံပါလိမ့်မည်။

ပြုတ်လုလု ဒေါက်တိုင်များကို တို့တွေ တူတူဝိုင်းပြီး ဖြိုကြပါစို့  

အရေးတော်ပုံ အောင်ရမည်။

(နောက်ဆက်တွဲ) 

#SanctionMOGE အွန်လိုင်း ဆန္ဒပြပွဲမှာ ပါဝင်ပေးကြဖို့ တော်လှန်လူထုနှင့် အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမယ့် အစည်းအဝေးကို ဦးတည်ပြီး ဖိအားပေးဖို့ရန် ရည်ရွယ်ပါတယ်၊။

မအလ အကြမ်းဖက် အုပ်စုရဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချို့ဖောက်မှုတွေနဲ့ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် ၎င်းတို့အုပ်စုရဲ့ ဒေါ်လာတွင်းနက် MOGE ကို ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံးလုပ်ဆောင်ကြဖို့ မြန်မာပြည်သူလူထုအနေနဲ့ ဝိုင်းဝန်း တောင်းဆိုကြဖို့အတွက် ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပြုလုပ်တဲ့ #SanctionMOGE ဆိုရှယ်မီဒီယာကမ်ပိန်းမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုအားလုံးကို ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

တောင်းဆိုချက် စာသားများကို စာရွက်ပေါ်တွင် ရေးပြီး လက်သုံးချောင်းသင်္ကေတဖြင့် မိမိ လူမှုကွန်ရက်အကောင့် (Facebook,Twitter) တွင် ဓာတ်ပုံတင်ပါ။

အင်္ကျီ အဖြူ/ အမည်း/ သွေးစွန်းနေတဲ့ အင်္ကျီပုံစံ ဝတ်ဆင်နိုင်ပါတယ်။

လက်အိတ် အနီ/လတ်ပတ်စည်း အနီရောင်/ ရေဆေး အနီရောင်မှုန့်ဖြင့် လက်တွင် လိမ်းခြင်း စတဲ့ မိမိ အဆင်ပြေမယ့် နည်းလမ်းများသုံး၍ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။

တောင်းဆိုချက်စာသားများ

1. Biden / Macron - whose side are you on? Sanction Gas Revenues!

2. EU, US - Sanction the bloody gas revenues - Act Now, Act Now!

3. The more you delay / The more we suffer - Sanction Gas Revenues!

4. The junta spends gas revenues torching villages - EU/US extinguish them now!

5. Military atrocities are funded by gas revenue - Biden / Macron – are you waiting for more?

6. US, EU - to stop atrocities in Myanmar, sanction MOGE Right Now!

7. Bloody gas revenue, EU/US sanction now!

8. “Gas revenue is on fire, EU/US extinguish it now

9. “EU/US, are you happy with all these refugees from your gas revenues?”

10. “EU/US, are you happy with the killing fields funded by your gas revenues?

အသုံးပြုရမည့် Hashtags များ

#SanctionMOGE

#TakeAction_NoMoreWords 

#BloodMoneyCampaignMM 

#SanctionMOGE 

#TakeAction_NoMoreWords

#EU

#FreezePaymentsToJunta

#WhatshapeninginMyanmar

#chevron

#Total

#Macron

#Biden

အီဂေါဗလာဇီဗစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013