DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးချုပ်နယ်ဒါးမြကို တာဝန်မှရပ်ဆိုင်း၊ ဗိုလ်ချုပ်စောရှီးလေကို KNDO စစ်ဦးစီးချုပ်ခန့်
DVB
·
January 19, 2022
ဗိုလ်မှူးချုပ်နယ်ဒါးမြကို တာဝန်မှရပ်ဆိုင်း၊ ဗိုလ်ချုပ်စောရှီးလေကို KNDO စစ်ဦးစီးချုပ်ခန့်
Donate to DVB

ကရင်အမျိုးသားအစည်းရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးတို့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ကြောင်း  ကေအန်ယူ ကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ပါတယ်။

ကေအန်ယူ ဗဟိုကော်မီတီရဲ့ ၃၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗဟိုကော်မီတီဝင်တဦးက  ပြောပါတယ်။

“အီးစီကနေ ဆုံးဖြတ်ပြီး လုပ်တာ။ ဥက္ကဋ္ဌ တဦးတည်း အတွင်းရေးမှူးတဦးတည်း လုပ်တာမဟုတ်ဘူး။ နောက်တို့က  ပြန်စစ်ဆေးဖို့ ခေါ်တာလည်းမလာဘူးလေ။ ”

ကရင်ပြည်နယ်၊ ဝေါလေမြို့၊ ကနဲလေးကျေးရွာအနီးမှာ လူ ၂၅  ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူက စုံစမ်းစစ်ဆေးခဲ့ပြီးနောက်  အဓိကတာဝန်ရှိတဲ့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးတို့ကို ဇူလိုင် ၅ ရက်နေ့ ဗဟိုအစည်းအဝေးတွင်း တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ဒီနောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ဗိုလ်မှူးချုပ်နယ်ဒါးမြကို စစ်ဆေးဖို့ ခေါ်ယူခဲ့ပေမဲ့ လာရောက် မေးမြန်းခံခြင်းမရှိသလို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သူ့မှာတာဝန်ရှိတဲ့အတွက် အခုလို  တာဝန်ကနေ ရပ်ဆိုင်းလိုက်တာလို့လည်း ပြောပါတယ်။

“ သူတို့က ကောင်းကင် (အွန်လိုင်း) လိုက်တာကိုး။ မတင်ဘူးဆိုရင် ထိန်းထိန်းသိမ်းသိမ်းသူ့ကို လုပ်ပေးပါတယ်။ သွားစစ်ဆေးပြန်တော့လည်းတခါ မလာဘူး။ အဲလို ကန့်လန့်တိုက်နေတာ။ ဥပဒေကိုမလေးစား၊ ဗဟိုချုပ်ကိုင်မှုကို မလေးစား၊ အဖွဲ့အစည်းနဲ့အလုပ်လုပ်တာကို မလေးစားတဲ့သူကို ကျနော်တို့က ဆက်ထားရဦးမှာလား။”

KNDO ရဲ့ယာယီစစ်ဦးစီးချုပ်အသစ်ကိုတော့ KNDO ရဲ့ ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောရှီးလေ့ကို ခန့်အပ်ထားကြောင်းလည်း  ဗဟိုကော်မီတီရဲ့ ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ် ဝေါ်လေက လူသတ်မှုနဲ့ပတ်သက်ပြီး ကေအန်ယူက စုံစမ်းစစ်ဆေးမှုလုပ်ခဲ့စဉ်က KNDO ခေါင်းဆောင် စောနယ်ဒါးမြကို တာဝန်မှယာယီရပ်ဆိုင်းထားကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး  ဗိုလ်မှူးချုပ် စောနယ်ဒါးမြ လက်မခံကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။

မြဝတီခရိုင် ကနဲလေး- မောခီးသွားကားလမ်း၊ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းက လူ ၄၇ ဦးကို မေလ ၃၁ ရက်မှာ  KNDO စစ်ဦးစီးချုပ် ဗိုလ်ကြီး စောဘာဝါး ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာစစ်တပ်က ဇွန်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

အသတ်ခံရတဲ့သူတွေဟာ လမ်းဖောက်တဲ့အရပ်သားတွေဖြစ်တယ်လို့  စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုထားပေမယ့် (KNDO) ကတော့ အသတ်ခံရသူတွေဟာ အရပ်သားမဟုတ်ကြောင်း ကေအန်ယူတပ်စခန်းတွေကို စုံစမ်းထောက်လှမ်းနေတဲ့ စစ်ထောက်လှမ်းရေးတွေ ဖြစ်ပြီး လမ်းလုပ်သားတွေ မဟုတ်ဘူးလို့ ဇွန် ၂၀ ရက်နေ့မှာ ရှင်းလင်းထားပါတယ်။

ဒီဖြစ်စဉ်ကို အရေးယူနိုင်ဖို့ မြန်မာစစ်တပ်ဘက်က ကေအန်ယူဌာနချုပ်ကို  အကြောင်းကြားစာ ပေးပို့ပြီးနောက်  ဇွန်လ ၁၆ ရက်နေ့မှာ ကေအန်ယူက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးအနောက် အဓိက တာဝန်ရှိတဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးကို အခုလို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013