DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူဦးရေ ၃၇၀,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရ
DVB
·
January 19, 2022
မြန်မာနိုင်ငံတွင် လူဦးရေ ၃၇၀,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရ
Donate to DVB

ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ လူဦးရေ ၃၇၇,၈၀၀  လောက် တိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး UNOCHA ရုံးက ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်မှာ သတင်းထုတ်ပါတယ်။ 

UNHCR ရဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက် ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ဘေးရှောင် ၂၀၀,၄၀၀ ဦး (၅၃ ရာခိုင်နှုန်း) နဲ့ အနောက်မြောက်ပိုင်းမှာ ၁၅၇,၅၀၀ ဦး (၄၁ ရာခိုင်နှုန်း) အပါအဝင် လူဦးရေ ၃၇၇,၈၀၀ လောက်ဟာ  မြန်မာနိုင်ငံအတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လူဦးရေ ၂,၈၀၀ လောက်ဟာ  ထိုင်းနိုင်ငံအတွင်းက ယာယီစခန်းတွေမှာ နေထိုင်ရတယ်လို့လည်း ဆိုပါတယ်။  ထိုင်းဘက်ကို ထွက်ပြေးခိုလှုံလာနဲ့ မြန်မာစစ်ပြေးဒုက္ခသည် အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ မြေပြင်မှာ ကူညီပေးသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး လေကြာင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ ၁၃ ရက်မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့က လူဦးရေ ထက်ဝက်ကျော်ဟာ ရပ်ရွာစင်တာ၊ ဘာသာရေးအဆောက်အအုံတွေမှာ ယာယီနေထိုင်နေကြရသလို တချို့ကတော့ နီးစပ်ရာတောတောင်တွေထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

လူဦးရေ ၅,၀၀၀ လောက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး လူ ၁,၀၀၀ လောက်က ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်အတွင်းသို့ ထွက်ပြေးခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်၊ မေလကတည်းက ကယားပြည်နယ်မှာ အိမ်အလုံးပေါင်း ၆၅၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေအပါအဝင် အခြား အရပ်သားပိုင်ဆိုင်တဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂသတင်းမှာ ဖော်ပြပါတယ်။ 

ကရင်ပြည်နယ်မှာလည်း  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ကတည်းက လူဦးရေ ၂၂,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရတာပါ။

ဒုက္ခသည်တွေကို ကူညီပေးနိုင်ဖို့အတွက် လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့်ဆိုင်ရာ ခွင့်ပြုမိန့်ရရှိဖို့ ကြန့်ကြာတာ၊ စစ်ဆေးရေးဂိတ်တွေများတာ စတဲ့ သွားလာမှုဆိုင်ရာ အခက်အခဲတွေကြားထဲမှ လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ ဒေသခံမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ထိခိုက်ခံစားရသူတွေအတွက် အရေးပေါ်အကူအညီတွေကို ပေးနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စောင်၊ ခြင်ထောင်နဲ့ ဆေးဝါး၊ စားနပ်ရိက္ခာတွေ အဓိက လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ဆိုပါတယ်။

ဒါပေမဲ့ ဒေသတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး လက်နက်ကြီး အသုံးပြုမှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက်  ကယားပြည်နယ်ထဲက စစ်ဘေးရှောင် ဒုက္ခသည်တွေထံ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိဖို့ အခက်အခဲတွေ ရှိနေပါတယ်။

မြန်မာစစ်တပ်က အဆက်မပြတ် ပစ်ခတ်၊ လေကြောင်းတိုက်ခိုက် လုပ်နေတာတွေကို ရပ်တန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးဖို့ ကြိုးစားသူတွေကို ပိတ်ဆို့တားဆီးတာ မလုပ်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် သောမတ်စ်အင်ဒရူးစ်က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013