DVB Logo
Home
မြန်မာသတင်း
RCSS/SSA နယ်မြေတွင်း ပြစ်ဒဏ်ကျခံရသူ ၁၆၇ ဦးအား ပြန်လွှတ်ပေး
DVB
·
January 18, 2022
RCSS/SSA နယ်မြေတွင်း ပြစ်ဒဏ်ကျခံရသူ ၁၆၇ ဦးအား ပြန်လွှတ်ပေး
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ တတိယ အကြိမ်မြောက်ကွန်ဂရက်ကို ဌာနချုပ်လွိုင်တိုင်းလျဲန်းမှာ ဇန်နဝါရီ ၁၆-၁၇ နေ့တွေက ကျင်းပခဲ့ပြီး ကွန်ကရက်ကြိုဆိုတဲ့အနေနဲ့ နယ်မြေထဲမှာ ပြစ်ဒဏ်ကျ ထိန်းသိမ်းခံနေရသူပေါင်း ၁၆၇ ဦးကို လွှတ်ပေးသွားမယ်လို့ အဖွဲ့အစည်းက ထုတ်ပြန်ကြေညာပါတယ်။ 

သူတို့တွေဟာ အများအားဖြင့် မူးယစ်ဆေးဝါးမှု၊ အဖွဲ့အစည်းရဲ့စည်းကမ်းဖောက်ဖျက်မှု၊ ပြစ်မှုမကြီးတဲ့ စစ်သုံ့ပန်းတချို့ပါတယ်လို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။

“အဖမ်းခံထားရသူတွေက မူးယစ်မှုနဲ့ စည်းကမ်းမလိုက်နာမှု၊ ပြစ်မှုမကြီးတဲ့ စစ်သုံ့ပန်းတွေပါ ပါတယ်။  အဖွဲ့အစည်းရဲ့တရားရေးဘက်က ပြစ်မှုစီရင်ပြီးသူတွေပေါ့။ စစ်သုံ့ပန်းက လက်နက်တွေကိုတော့ သိမ်းယူထားပြီး သူတို့သွားလိုရာကို ပြန်လွှတ်ပေးတယ်။” 

မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန၊ သူ့ဇနီးနဲ့ ၇ လသားအရွယ်ကလေး ပျောက်ဆုံးနေတဲ့ကိစ္စမှာ  RCSS ဖမ်းဆီးထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ အဲဒီကိစ္စ မသိရကြောင်း၊ လက်နက်ကိုင်အဖွဲ့ချင်း တိုက်ပွဲမှာ မဆိုင်တဲ့ နိုင်ငံရေးပါတီဝင်တွေ၊ အရပ်သားတွေကို ဖမ်းဆီးဖို့ ပေါ်လစီလည်းမရှိ၊ အခင်းဖြစ်တဲ့ တုံလောရွာမှာ သူတို့တပ်ဖွဲ့မရှိဘဲ သူတို့ဟာ ကားလမ်းအနောက်ခြမ်းမှာသာ လှုပ်ရှားတယ်လို့ ပြောပါတယ်။ 

လက်ရှိရှမ်းပြည်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ဒုက္ခအဖုံဖုံခံစားရပြီး လူ့အခွင့်အရေးချိုး ဖောက်တာတွေ ရှောင်ရှားလိုတာ၊ ကိုဗစ်ရောဂါတားဆီးခြင်းအတွက် ရှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာကို ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ပြဿနာဖြေရှင်းဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ စတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော PDF တွေပါ တိုက်ပွဲဝင်နေပြီး RCSS က ငြိမ်နေတဲ့အပေါ်မှာ သူက RCSS အနေနဲ့ ပြည်နယ်ထဲရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းရဲ့ တိုက်ခိုက်မှုကိုခံနေရတာဟာ ခြေထောက်မှာ နွယ်ကြိုးတွေ ယှက်လိမ်ခံထားရသလိုဖြစ်နေလို့ ထင်သလိုမလှုပ်ရှားနိုင်ကြောင်း၊ သူတို့ တစ်ဖွဲ့တည်းကို  SSPP ရှမ်းတပ်  TNLA ပလောင်တပ်နဲ့ ဝတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဝိုင်းတိုက်နေတယ်လို့ ပြောဆိုနေတဲ့အပေါ် ရှမ်းတပ်အချင်းချင်းနဲ့သာ ပြေလည်အောင်ဖြေရှင်းလိုပြီး တခြားလက်နက်ကိုင်တွေ ပါမပါဆိုတာကတော့ ဒေသခံတွေကသာ အသိဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်ညီညွတ်ရေးကတဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်ပြီး အားလုံးလက်ခံတဲ့ ရှမ်းပြည်ဖက်ဒရယ်မူနဲ့အညီ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့ ရှမ်းပြည်အမျိုးသား ညီလာခံ ပြင်ဆင်ခြင်းအစည်းအဝေးကို မကြာခင်ကျင်းပမယ့်အကြောင်း၊ ဥပဒေရေးဆွဲရာမှာ ဥပဒေပညာရှင်တွေ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ်တွေနဲ့အတူ ရေးဆွဲမယ်လို့ ဆိုပါတယ်။ 

လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ အာဆီယံ၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာရဲ့ ဆောင်ရွက်ချက်ကို ကြိုဆိုပြီး လိုအပ်သလို ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးဖိတ်ခေါ်ချက်ဟာ အကယ်ရွေ့သာ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းတယ်၊ လက်တွေ့လုပ်ဆောင်မယ်ဆိုရင် ကြိုဆိုကြောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ကျကျတည်ဆောက်နိုင်မှသာ ပြည်တွင်းပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

RCSS ရဲ့ တတိယအကြိမ်မြောက်ကွန်ဂရက်မှာ လာမယ့် ၄ နှစ်သက်တမ်းအတွက် ၂၁ ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ရွေးချယ်တင်မြှောက်ရာမှာ ဗိုလ်ချုပ်ကြီးယွက်စစ်က ဥက္ကဋ္ဌ၊ ဒုဗိုလ်ချုက်ကြီး စိုင်းယီက ဒုဥက္ကဋ္ဌ (၁)၊ ဗိုလ်ချုပ်ခေးငင်းက ဒုဥက္ကဋ္ဌ (၂) အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013