DVB Logo
Home
မြန်မာသတင်း
မတူပီ စစ်ရှောင်ပြည်သူ ၆၀၀၀ ကျော် ရိက္ခာနှင့်ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
DVB
·
January 14, 2022
မတူပီ စစ်ရှောင်ပြည်သူ ၆၀၀၀ ကျော် ရိက္ခာနှင့်ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
1 / 3
Donate to DVB

ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတူပီမြို့နယ်ထဲမှာ ဇန်နဝါရီ ၆ ရက်နေ့လောက်ကစပြီးတော့ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၆၀၀၀ ကျော်လောက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေနဲ့ နီးစပ်တဲ့ ဖနိုင်ရွာ၊ငလှိုင်၊ကစဲ၊တီဘော၊ကီလှုန်းနဲ့ ဘွေထီယားကျေးရွာတွေက ဒေသခံပြည်သူ ၆၀၀၀ ကျော်လောက်ဟာ အသက်လုပြီး အိန္ဒိယနိုင်ငံနဲ့ နီးစပ်ရာဆွေးမျိုးတွေဆီနဲ့ တောတောင်ထဲတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့်  စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်ထဲကို ကုန်တင်ကားတွေ ဝင်ခွင့်မပြုဘဲ ပိတ်ဆို့ထားတာကြောင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိတဲ့ စားနက်ရိက္ခာတွေ ပြတ်တောက်နေသလို ဆေးဝါးတွေလည်း ပြတ်တောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေ တော်လှန်ရေးအင်အား စုတွေနဲ့ ချိတ်ဆက်ပြီးတော့ တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ အကူညီတောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013