DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလူမျိုး ၉ မျိုးပါဝင်သည့် Free Burma Rangers သင်တန်းဆင်းပွဲကျင်းပ
DVB
·
January 14, 2022
တိုင်းရင်းသားလူမျိုး  ၉ မျိုးပါဝင်သည့်  Free Burma Rangers သင်တန်းဆင်းပွဲကျင်းပ
1 / 8
Donate to DVB

Free Burma Ranger အဖွဲရဲ့ သမိုင်းတစ်လျှောက်မှာ သင်တန်းသား အများဆုံးပါဝင်တဲ့ သင်တန်းဆင်းပွဲတစ်ခုကို ဇန်နဝါရီလ အစောပိုင်းက ကျင်းပနိုင်ခဲ့တယ်လို့  အဆိုပါ အဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

အဲဒီသင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး သင်တန်းသား ၂၀၀ ဝန်းကျင် သင်တန်းပြီးမြောက်သွားပြီဖြစ်ကာ အဆိုပါသင်တန်းမှာ ခေါင်းဆောင်မှုသင်တန်းတွေနဲ့ သေနတ်ပစ်ခတ်တိုက်ခိုက်မှုစွမ်းရည်သင်တန်းတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီသင်တန်းကိုတော့ ကချင်၊ ကရင်၊ ကရင်နီ၊ ထားဝယ်၊ ပအိုဝ်း၊ ဗမာ၊ ရှမ်း၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသား လူမျိုး ၉ မျိုးက အမျိုးသမီး၊ အမျိုးသား တွေပါဝင်ခဲ့ကြပြီး ဒါဟာ FBR ရဲ့သင်တန်းသမိုင်းတစ်လျောက်မှာ မြန်မာပြည်အနှံက တိုင်းရင်းသားတွေ အများဆုံးပါဝင်တဲ့အဖွဲ့ကို ပထမဆုံးသင်ကြားပေးရတာလို့လည်း ဆိုပါတယ်။

သင်တန်းဆင်း Rangers တွေဟာ လက်ရှိ စစ်ကောင်စီတပ်တွေပိတ်ဆို့တိုက်ခိုက်နေတဲ့ မြန်မာပြည်ထဲက မတူညီတဲ့ နေရာ ၃ နေရာမှာရှိတဲ့ပြည်သူတွေကို ကူညီဖို့ မကြာခင် ရောက်ရှိလာလိမ့်မယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ 

Free Burma Rangers အဖွဲဟာ ကမ္ဘာ့နိုင်ငံအနှံ့က ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ  စစ်ရေးပဋိပက္ခအတွင်း လူသားချင်းစာနာမှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ 

Photo- Free Burma Rangers

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013