DVB Logo
Home
မြန်မာသတင်း
ချစ်သုဝေ၊ ပိုင်ဖြိုးသုတို့ ပါဝင်မည့် “လူတိုင်း မလုံခြုံသေးသရွေ့ ဘယ်သူမှ မလုံခြုံနိုင်ဘူး" ဆွေးနွေးပွဲ ကျင်းပမည်
DVB
·
January 14, 2022
ချစ်သုဝေ၊ ပိုင်ဖြိုးသုတို့ ပါဝင်မည့် “လူတိုင်း မလုံခြုံသေးသရွေ့ ဘယ်သူမှ မလုံခြုံနိုင်ဘူး" ဆွေးနွေးပွဲ ကျင်းပမည်
Donate to DVB

ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ ချစ်သုဝေ၊ ပိုင်ဖြိုးသုတို့က အစီအစဉ်တင်ဆက်သူတွေအနေနဲ့ ပါဝင်မယ့် ဆွေးနွေးပွဲတရပ် ကျင်းပသွားဖို့ ရှိနေပါ တယ်။

"No one is safe until everyone is safe - လူတိုင်း မလုံခြုံသေးသရွေ့ ဘယ်သူမှ မလုံခြုံ နိုင်ဘူး"ခေါင်းစဉ်နဲ့ ဒီဆွေးနွေးပွဲကိုတော့ ဇန်နဝါရီ ၁၅ ရက်၊ မနက်ဖြန်ည ၇ နာရီမှာ အွန် လိုင်းကတဆင့် ကျင်းပသွားမှာဖြစ်ပြီး အမျိုးသားကျန်းမာရေးကော်မတီ(NHC)နဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) တို့မှ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ ခေါင်းဆောင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးသွားကြမယ်လို့ ထုတ် ပြန်ထားပါတယ်။

ဆွေးနွေးမယ့်ကြောင်းအရာတွေထဲမှာတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အပါအဝင် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ လိုအပ်ချက်တွေကို ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁၁ လကျော် ကြာမြင့် ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာစတဲ့ အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013