DVB Logo
Home
မြန်မာသတင်း
ဖလမ်းတိုက်ပွဲ၌ စစ်တပ်က သေဆုံးသူများပြား၊ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် မင်းတပ်ဒေသခံ တစ်ဦး သေဆုံး
DVB
·
January 12, 2022
ဖလမ်းတိုက်ပွဲ၌ စစ်တပ်က သေဆုံးသူများပြား၊ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် မင်းတပ်ဒေသခံ တစ်ဦး သေဆုံး
1 / 5
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေက CNDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဖလမ်းမြို့နယ် ဝေဘူလမြို့နားမှာ CNDF တပ်ဖွဲ့က ထောင်ထားတဲ့မိုင်းကို မနေ့မနက် ၁၁ နာရီလောက် စစ်ကောင်စီတပ်သားတွေ နင်းမိပြီး ထိခိုက်သေဆုံးခဲ့တာလို့ CNDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ မိုင်းထိမှန်ပြီးတော့ ထိခိုက်သေဆုံးသူ များပြားလို့ စစ်ကောင်စီတပ်ဘက်က ထိပ်တိုက် တိုက်ခိုက်တာတွေ မပြုလုပ်တော့ဘဲ ရှောင်သွားတာကြောင့် CNDF တပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာအထိ မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ CNDF တပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့် CNDF တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့နယ် တိုက်ပွဲအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်ကျန်လက်နက်ကြီး ပေါက်ကွဲပြီး အမျိုးသမီးတစ်ယောက် သေဆုံးကာ တစ်ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းတပ်မြို့နယ် ခွီရိန်ကျေးရွာမှာ မနေ့ မွန်းလွဲ ၂ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန်က မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်ကြီးတစ်လုံးပေါက်ထွက်ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးပြီး တစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပေါက်ကွဲတဲ့ အသံကတော်တော်ကျယ်တယ်ဗျ။ စစ်ကောင်စီတပ်တွေရဲ့ လက်ကျန် လက်နက်ကြီး ပေါက်ကွဲတာ၊ အမျိုးသမီးတစ်ယောက်န နေရာမှာတင် သေဆုံးသွားပြီးတော့ ဒဏ်ရာရရှိတဲ့ အမျိုးသမီးကိုတော့ ဆေးကုသပေးနေကြတယ်။”

မင်းတပ်မြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013