DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ကို စစ်ကောင်စီတိုက်လေယာဉ် ၂ စင်းဖြင့် ၉ ကြိမ်တိုက်ခိုက်
DVB
·
January 12, 2022
လွိုင်ကော်မြို့ကို စစ်ကောင်စီတိုက်လေယာဉ် ၂ စင်းဖြင့် ၉ ကြိမ်တိုက်ခိုက်
1 / 5
Donate to DVB

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့မှာ ဇန်နဝါရီ ၁၁ ရက် မနေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး   စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စင်းနဲ့ ၉ ကြိမ်တိုက်ခိုက်ခဲ့ကာ မြေပြင်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ KNDF ထံက သိရပါတယ်။

လွိုင်ကော်မြို့၊ ရွာတန်းရှည်နဲ့ မိုင်းလုံးရပ်ကွက်တွေမှာ မနက်ပိုင်း ၈ နာရီလောက်က စတင်ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် ညနေ ၅ နာရီ ၄၅  မိနစ်လောက်မှာ လွိုင်ကော်မြို့တွင်းကို  တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ  လက်နက်ငယ် ၃ လက်၊ လက်နက်ကြီး ၁ လက်အပြင် လက်နက်ကြီး/ငယ်ကျည်တွေ သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ မိုင်းလုံးရပ်ကွက်ထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်ကတော့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်အတွင်း အများပြည်သူကို နည်းမျိုးစုံနဲ့ ဖိနှိပ်အုပ်ချုပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ PDF ပူးပေါင်းမဟာမိတ်တပ်တွေက တိုက်ခိုက်ချေမှုန်းနေကြပြီး စစ်ကောင်စီတပ်တွေဟာ မြို့တွင်းတိုက်ပွဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

လူဦးရေ သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေရဲ့ တဝက်လောက် စစ်ဘေးရှောင်နေကြရသလို လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရှမ်းပြည်နယ်ထဲအထိ သွားရောက်စစ်ရှောင်နေကြရပါတယ်။

ဒါကြောင့်မို့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စားနပ်ရိက္ခာ၊ အရေးပေါ်အသုံးအဆောင်ပစ္စည်း၊ ငွေသားအပါအဝင် ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ထားသလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း တော်လှန်ရေးအတွက် နိုင်တဲ့နေရာကနေ ပါဝင်ကူညီနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013