DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးလူငယ်များ ရိက္ခာအတွက် မွေးမြူရေးလုပ်၊ လက်နက်ဝယ်ရေး ကူညီရန် တောင်းဆို
DVB
·
January 11, 2022
တော်လှန်ရေးလူငယ်များ ရိက္ခာအတွက် မွေးမြူရေးလုပ်၊ လက်နက်ဝယ်ရေး ကူညီရန် တောင်းဆို
1 / 3
Donate to DVB

မြေပြင်မှာ ရိက္ခာအတွက် ကြက်နဲ့ ဆိတ် မွေးမြူရေးအပြင် အွန်လိုင်းပဒေသာပင် ခေါင်းစဉ်အောက်ကနေ ဝင်ငွေရှာပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ လက်နက်တွေ ဝယ်ယူဖို့အတွက် ပြည်သူတွေ ဝိုင်းဝန်းကူညီအားပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

နွေဦးကြက်ခြံနဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းတွေကို တော်လှန်ရေးရဲဘော်တွေရဲ့ ရိက္ခာအတွက် မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး youtube, website, application တွေနဲ့ ဝင်ငွေရှာဖွေရာမှာ အောင်မြင်နေတယ်လို လွတ်မြောက်နယ်မြေတနေရာက တော်လှန်ရေးလူငယ်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့လက ကျပ်ငွေ ၃၈ သိန်းအထိ ရရှိခဲ့ပြီး ဒေါ်လာသောင်းနဲ့ချီပြီး ဝင်ငွေရရှိဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးလူငယ်တဦးက “ပြီးခဲ့တဲ့ လကစပြီး ၃၈ သိန်း ရတယ်၊ ဒီလဆို ဒေါ်လာ ၁ သောင်းအထိ မှန်းထားတယ်။ အဲဒီကရတဲ့ ငွေကြေးတွေအားလုံးကို ရဲဘော်တွေအတွက် လက်နက်ဝယ်ယူနိုင်ဖို့ အသုံးချသွားမှာပါ။ ကျနော်တို့ youtube channel ကလည်း ၂ ခု ဖြစ်သွားပြီ။ website ရှိတယ်၊ application ကလည်း မကြာခင် ထွက်တော့မယ်။ အဲ့ဒါတွေ အားလုံးပေါင်းရင် အနည်းဆုံး ဒေါ်လာ ၁ သောင်း ပျမ်းမျှရမယ်လို့ မှန်းထားတာပါ။ ဒါမို့ ကြုံကြိုက်ခဲ့ရင် ကျနော်တို့ ဖေ့ဘွတ်ခ်ပေ့ချ်ကို  like လုပ်ပေးပြီး ဝင်ကြည့်ပေးပါ။ ကူညီနိုင်သမျှ ကူညီပေးပါဦး တော်လှန်ရေးဟာလည်း တဖြည်းဖြည်းနဲ့ အရှိန်ရလာပါပြီ။ အောင်ပွဲကလည်း မဝေးတော့ပါဘူး။ ပြည်သူအားလုံး အားတင်ထားကြပါ” လို့ ပြောပါတယ်။

အွန်လိုင်းပဒေသာပင်အောက်က ဝင်ငွေရှာဖွေရေးတွေကို လူငယ်တွေ လုပ်ဆောင်နေကြတဲ့အပြင် တော်လှန်ရေး ရဲဘော်တွေအတွက် ရိက္ခာနဲ့ နောက်တန်းရဲဘော်တွေအတွက် အားလပ်ချိန် အလုပ်အကိုင် အခွင့်အလမ်း ရစေဖို့၊ တော်လှန်ရေးပြီးတဲ့အခါ ဒေသအတွက် ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခု ကျန်ရှိနေခဲ့ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလကတည်းက စတင် အကောင်အထည် ဖော်ခဲ့တာပါ။ 

ဒီဇင်ဘာလကစတင်ပြီး ကြက်မွေးမြူရေးအတွက် စတင်ခဲ့ရာ အခုချိန်မှာ ဆိတ်ကိုပါ မွေးမြူနေပြီလို့ သိရပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပါပဲ။ နေရာအခက်အခဲ၊ ခွင့်ပြုချက်ရဖို့ လုပ်ခဲ့ရတာတွေ၊ ဒေသခံတွေရဲ့ ယုံကြည်မှုရဖို့ ကြိုးစားခဲ့ရတာတွေနဲ့ ကြက်မွေးမြူရေး အတွေ့အကြုံ မရှိတာတွေ၊ ဆောက်လုပ်ရေးနဲ့ပက်သက်တဲ့ အခက်အခဲတွေ အများကြီးပါပဲ။ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ အားလုံးကို ဖြတ်ကျော်နိုင်ခဲ့ပြီး အခုဆို ကိုယ်မျှော်မှန်းထားတဲ့အတိုင်း နွေဦးကြက်ခြံလေးဟာ အဆင်ပြေပြေရှိနေပါပြီ" လို့ ဆိုပါတယ်။

စတင် အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ရှိခဲ့ပေမယ့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး တခြား လွတ်မြောက်နယ်မြေမှာလည်း အလားတူ မွေးမြူရေးတွေ လုပ်ကိုင်ချင်ရင် နည်းလမ်းတွေ မျှဝေပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

ဒီကရတဲ့ အကျိုးအမြတ်တွေအနေနဲ့ ရောင်းချလို့ရတဲ့ ငွေကြေးကို ရဲဘော်တွေအတွက် လိုအပ်တာတွေ ဝယ်ယူဖို့ အသုံးချမှာဖြစ်ပြီး ကြက်သားနဲ့ ကြက်ဥတွေကိုတော့ စားနပ်ရိက္ခာအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013