DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကျည် ထိုင်းဘက်ကျ
DVB
·
January 10, 2022
ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကျည် ထိုင်းဘက်ကျ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်မြဝတီမြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်မှာ ကျရောက်ခဲ့လို့  ထိုင်းတပ်မတော်ဘက်က သတိပေးတဲ့အနေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက် မဲ့ကော့ကင်းရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး  ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ လက်နက်ကြီးတလုံး ပြန်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်နဲ့ နီးစပ်သူထံက သိရပါတယ်။

မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ ဖလူးလေးရွာအနီးမှာ ဒီနေ့မနက်ကနေ  မွန်းလွဲအထိ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လေးကေ့ကော်စခန်း တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီရဲ့တပ်တွေက နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေ တာဖြစ်ပြီး ညနေ ၃ နာရီလောက်မှာ ထပ်မံပြန်လည်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်ခဲ့ရာမှာ ဖလူးလေးရွာရှိ  လူနေအိမ်၂ လုံးထက်မနည်း ပျက်စီးသွားပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ၅၀၀ လောက် နီးစပ်ရာတောထဲ ထွက်ပြေးတိမ်းရှောင်နေရသလို ဝပ်ကျင်းတွေထဲမှာ ပုန်းအောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူကော့ကရိတ်မြို့တောင်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်လို့  ဒေသခံပြည်သူတွေ မြို့တွင်းနဲ့ တောနယ်တွေဘက်ကို တိမ်းရှောင်နေကြရပါတယ်။

ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးအနီးက ကော့နွဲ့ကျေးရွာနဲ့ ရွာသစ်ကျေးရွာကို ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က  စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒီကေဘီကေဆက်ဆံရေးရုံးတာဝန်ရှိသူက ပြောပါတယ်။

“လေယာဉ် နှစ်စီးနဲ့လာပစ်တာ ဟုတ်တယ်။ နာရီဝက်လောက်တော့ ကြာတယ်။ ဒေသခံတွေနဲ့ လူနေအိမ်တွေ ထိခိုက်တာတော့မသိရသေးဘူး။”

ပစ်ခတ်မှုကြောင့် ပြည်သူတချို့ ထိခိုက် ဒဏ်ရာတွေရခဲ့တယ်လို့  တိုက်ပွဲဝင်နေတဲ့ KNLA တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်ကလည်း ကော့ကရိတ်မြို့အနီး မြို့ဟောင်းရွာနဲ့ တခြားရွာတွေဘက်မှာ စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန် စထိမှန်တဲ့ ပြည်သူ ၆ ယောက်အနက် ဇန်နဝါရီ ၁၀ ရက်မှာ တယောက်သေဆုံးပြီး   နောက်တယောက်က  အသက်လုနေ  ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၈ ရက် မနက်ကလည်း ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီးက မြို့‌ဟောင်းကျေးရွာကို စစ်ကောင်စီရဲ့ စကခ ၁၂ အမြောက်ကုန်းနဲ့ နယ်မြေခံ ခလရ ၉၇ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ  ၈ ယောက် ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013