DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲအတွက် မြန်အောင်တွင် မဲစာရင်းများ စတင်ပြုစုနေ
DVB
·
January 9, 2022
စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲအတွက် မြန်အောင်တွင် မဲစာရင်းများ စတင်ပြုစုနေ
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ စတင်ပြုစုနေပြီလို့ သိရပါတယ်။

အခြေခံပညာအထက်တန်းကျောင်းတွေထဲမှာ ဇန်နဝါရီလပထမပတ်ကစပြီး အထွေထွေအုပ်ချုပ်ရေးဌာနက စာရေးတွေဦးဆောင်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းတွေပြုစုနေတာလို့ ဒေသခေတွေက ပြောပါတယ်။

“အထက်တန်းကျောင်းတွေတိုင်းမှာ လုပ်နေတာ ထွေအုပ်စာရေးတွေဦးဆောင်ပြီးတော့ လုပ်တာ။ ခုကတော့ မဲစာရင်းစပြုစုတာပေါ့။ ထွေအုပ်က စစ်ကောင်စီဩဇာခံပဲလေ ဘာမှထူးမှာမဟုတ်ပါဘူး၊ ဒီပုတ်ထဲက ဒီပဲထွက်မှာပါ” လို့ ထူးကြီးဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး ရပ်ကျေးအဆင့် မဲစာရင်းတွေကို သက်ဆိုင်ရာ ဒေသအလိုက် အထက်တန်းကျောင်းတွေမှာ ဇန်နဝါရီလ ပထမပတ်ကစတင်ပြီး မဲစာရင်းတွေကို ပြုစုခိုင်းနေတာလို့ ဆိုပါတယ်။

မြန်အောင်မြို့နယ်မှာ ကျေးရွာအုပ်စု ၆၉ အုပ်စုနဲ့ မြို့ပေါ်ရပ်ကွက် ၅ ခုရှိပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံပေါင်း ၇၄ ရုံရှိပြီး ၆၇ ရုံမှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013