DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃၃ ဦးတွေ့ရှိ၊ ၄ ဦးထပ်မံသေဆုံး
DVB
·
January 6, 2022
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃၃ ဦးတွေ့ရှိ၊ ၄ ဦးထပ်မံသေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃၃ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၅၃၁,၄၃၂ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၁၈၅ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁၃၃ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁ ဒသမ ၁၉ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ ၂၂၇ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၁ ယောက်နဲ့ စုစုပေါင်းသေဆုံး သူ အရေအတွက်ကတော့ ၁၉,၂၈၂ ယောက် ရှိနေပါတယ်။

ပြည်ပနိုင်ငံက ဝင်လာတဲ့သူတွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဓာတ်ခွဲနမူနာ ၃၀ မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၂၈ ရက်နေ့က အဲ့ဒီပိုးတွေ့ ဓာတ်ခွဲနမူနာတွေကို ထပ်မံစစ်ဆေးရာမှာ အိုမီခရွန်ပိုးတွေ့သူ ၄ ယောက်နဲ့ ကျန်ဓာတ်ခွဲနမူနာ ၂၄ ခုမှာ  SARS-CoV-2 Variant Delta ရောဂါပိုးတွေ့ရှိရတယ်လို့  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013