DVB Logo
Home
မြန်မာသတင်း
ဆိုလာမိုဒါစက်ရုံလုပ်သားများ ကြွေးကျန်လုပ်အားခနှင့် နစ်နာကြေးရရှိရန် တရားရင်ဆိုင်မည်
DVB
·
December 31, 2021
ဆိုလာမိုဒါစက်ရုံလုပ်သားများ ကြွေးကျန်လုပ်အားခနှင့် နစ်နာကြေးရရှိရန် တရားရင်ဆိုင်မည်
Donate to DVB

မတ်လအတွင်းက မီးလောင်လို့ ပိတ်ထားတဲ့ ရွှေပြည်သာစက်မှုဇုန်ရှိ ဆိုလာမိုဒါစက်ရုံမှ အလုပ်သမားတွေဟာ မီးမလောင်ခင်က လုပ်ထားတဲ့လုပ်အားခနဲ့ စက်ရုံပိတ်လိုက်တဲ အတွက်ရသင့်တဲ့ နစ်နာကြေးတွေ အခုအချိန်အထိမရကြသေးလို့ အခက်ခဲတွေနဲ့ရ ရင်ဆိုင်နေကြရပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၁၂၀၀ ကျော်ရှိပြီး မီးမလောင်ခင် အချိန်အထိ ၁၆ ရက် အလုပ်ဆင်းထားခဲ့ရပေမဲ့ မီးလောင်လို့ ၉ လ ကျော်ကြာတဲ့အထိ အလုပ်ရှင်က လုပ်အားတွေ မပေးဘဲ အချိန်ဆွဲနေတယ်လို့ စက်ရုံလုပ်သားတချို့က ပြောပါတယ်။

ဆိုလာမိုဒါ စက်ရုံလုပ်သား ကိုသဲမောင်ထွန်းက “ လုပ်အားပေးဖို့အတွက်ကို မြန်မာပြည်ကဘဏ်နဲ့ ညှိရဦးမယ်ဆိုပြီး အဖြေတိတိကျကျမပေးဘူး။ စက်ရုံပြန်ဖွင့်ဖို့ အစီအစဥ်မရှိဘူးလို့ပြောတယ်။ အဲဒီအတွက် ကြားကာလနစ်နာကြေးနဲ့ လုပ်သက်လျော်ကြေးပေးဖို့ တောင်းဆိုတော့ မပေးနိုင်ဘူးလို့ ငြင်းတယ်။ အလုပ်သမားတွေ အနေနဲ့ကတော့ ဥပဒေအဆုံးအဖြတ်ကိုခံယူသွားမယ်"လို့ ပြောပါတယ်။

အလုပ်သမားတွေက သူတို့ရပိုင်ခွင့်တွေအတွက် စက်ရုံပိုင်ရှင်တွေနဲ့ ၃ ကြိမ်လောက်တွေ့ဆုံ ညှိနှိုင်းခဲ့ ကြပါတယ်။ ဒါပေမဲ့ စက်ရုံဘက်က ကြွေးကျန်လုပ်အားခကို လာမယ့်နှစ်ထဲမှာ အကြိမ်ကြိမ်ခွဲပေးမယ်ဆိုပြီးပြောလာလို့ အလုပ်သမားတွေက ၃ လပိုင်းနောက်ဆုံးထားပြီး တပြိုင်တည်းပေးဖို့ တောင်းဆိုထားပါတယ်။

ကြားကာလနစ်နာကြေးနဲ့ လုပ်သက်လျော်ကြေးကို အလုပ်ရှင်ဘက်က မပေးဘူးဆိုတဲ့အပေါ် အလုပ်သမားတွေကလက်မခံဘဲ ဥပဒေရပိုင်ခွင့်အတွက် အဆင့်ဆင့်တိုင်ကြားပြီး ဆက်လက်တောင်းဆိုသွားမယ်လို့ ကိုသဲမောင်ထွန်းက ပြောပါတယ်။

ဆိုလာမိုဒါစက်ရုံမှာ အလုပ်သမား ၁၂၀၀ ကျော်ရှိတဲ့အနက် သုံးပုံနှစ်ပုံလောက်က အခုထိ တခြားအလုပ်မရှိသေးပဲ ဘဝကိုခက်ခက်ခဲခဲရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဆိုလာမိုဒါစက်ရုံအနေနဲ့ မီးလောင်ပြီးနောက် အာမခံကြေးထုတ်ယူထားပြီးဖြစ်ပေမဲ့ အလုပ်သမားတွေကို ကြွေးကျန်လုပ်အားခနဲ့ နစ်နာကြေးတွေပေးဖို့တော့ရှောင်လွဲနေတယ်လို့ အဲဒီအလုပ်သမားတွေ အရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(မြန်မာ)ရဲ့  ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

"အလုပ်သမားတွေရဲ့ ဥပဒေပါရပိုင်ခွင့်အတွက်ကို အလျှော့မပေးဘဲ ဆက်ပြီးရင်ဆိုင် တောင်းဆိုသွားမယ်။” 

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ)ကပြုစုထားတဲ့စာရင်းတွေအရ ဆိုလာမိုဒါ စက်ရုံဘက်က အလုပ်သမားတွေကို ပေးရမယ့် ကြွေးကျန်လုပ်အားခနဲ့ နစ်နာကြေးပမာဏဟာ ကျပ်သိန်း နှစ်သောင်းကျော် (အမေရိကန်ဒေါ်လာ ၁ သန်းကျော်) ရှိတယ်လို့သိရပါတယ်။

ဆိုလာမိုဒါစက်ရုံကို Myanmar Sunview ( 2 )လို့လည်းခေါ်ပြီး လှိုင်သာယာနဲ့ ပဲခူးမှာလည်း Myanmar Sunview 1 နဲ့ 3  ဆိုပြီး ဖွင့်လှစ်ထားပါသေးတယ်။ ရွှေပြည်သာကစက်ရုံကို ပိတ်ထားပေမဲ့  ကျန်တဲ့စက်ရုံ ၂ ရုံကတော့ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013