
နိုင်ငံတကာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အထူးစောင့်ကြည့် စစ်ဆေးရမဲ့ နိုင်ငံစာရင်းမှာ ဆက်လက်ထားရှိကြောင်း အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန် ပါတယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ ဆိုက်ဘာမှုခင်းတွေကြောင့် တရားမဝင် ငွေကြေးစီးဆင်းမှု အန္တရာယ်တွေ ကြီးမားနေဆဲဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ အရေးယူမှုတွေလုပ်ဖို့ FATF က တောင်းဆိုထားပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ တိုးတက်မှုမရှိရင် တန်ပြန်အရေးယူမှုတွေ စဉ်းစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုစောင့်ကြည့်အရေးယူရာမှာ ငလျင်ဘေးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ၊ တရားဝင် အရပ်ဘက်အဖွဲ့အစည်း (NPO) တွေရဲ့ လုပ်ငန်းတွေနဲ့ ပြည်သူတွေရဲ့ ငွေလွှဲပြောင်းမှုတွေ ကို မထိခိုက်စေဖို့ အဖွဲ့ဝင်နိုင်ငံတွေကို သတိပေးထားပါတယ်။











