DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသား ၁ ဦး ဓားထိုးအသတ်ခံရ
DVB
·
December 29, 2021
မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသား ၁ ဦး ဓားထိုးအသတ်ခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဆီနိုင်မြို့ရှိ တာမန်ဆိုင်းယင့်တက်ခ်စ်နယ်မြေမှာ ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဘော်ဒါဆောင် ရန်ပွဲမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ မြန်မာအမျိုးသားတယောက်  ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့  Malaymail သတင်းမှာ ဖော်ပြပါတယ်။

ည ၉ နာရီလောက်မှာ အခင်းဖြစ်ပွားခဲ့ပြီး ရဲတွေ ရောက်ရှိချိန်မှာ အသက် ၂၅ နှစ်အရွယ် မြန်မာ အမျိုးသားကို ထိုင်လျက်အနေအထား ဓားဒဏ်ရာ ၄ ချက်နဲ့ သွေးတွေရွှဲနေတဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကုလိုင်ခရိုင်ရဲမှူး တော့က်ဘန်ယိုးက ပြောပါတယ်။

အလုပ်သမားကြီးကြပ်ရေးမှူးက ရန်ပွဲနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတယောက်ဆီကနေ ဖုန်းလက်ခံရရှိပြီးနောက် ရဲကို ဖုန်းဆက်တယ်လို့ ခရိုင်ရဲမှူး တော့က်က ပြောပါတယ်။

တရားခံနဲ့သံသယရှိသူ နှစ်ဦးစလုံးဟာ အရက်သောက်ထားကြပြီး ရန်မဖြစ်ခင်မှာပဲ အတော်မူးနေကြပြီလို့ ကနဦးစုံစမ်းမှုအပေါ် အခြေခံပြီး ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရဲတွေ  ရောက်တဲ့အခါမှာ လူသေဆုံးနေတာ တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က စစ်ဆေးချက်အရ သေဆုံးသူရဲ့ ရင်ဘတ်နဲ့ နံရိုးတွေမှာ ဓားဒဏ်ရာတွေ တွေ့ရှိခဲ့ရကြောင်းနဲ့ တရားခံကို ဓားနဲ့ထိုးဖို့ အသုံးပြုတယ်လို့ ယူဆရတဲ့ ဓားတစ်ချောင်းကိုလည်း ရဲတွေက တွေ့ရှိခဲ့ပါတယ် လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူရမယ့် ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြောပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ရုပ်အလောင်းကို Sultanah Aminah ဆေးရုံကိုပို့ဆောင်ပြီး ခွဲစိပ်စစ်ဆေးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မှာ မြို့တွင်းနဲ့ မလက္ကာမြို့တဝိုက်တို့ကို ၂ ကြိမ်စီးနင်းမှု လုပ်ခဲ့ကြောင်းလည်း ကူလိုင်ခရိုင်ရဲမှူး တော့က် က ပြောဆိုပါတယ်။ 

အဲ့ဒီစီးနင်းမှုအတွင်း အသက် ၂၀ မှ ၄၃ နှစ်ကြား မြန်မာနိုင်ငံသား ၅ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်ထားပြီး  ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အပြစ်ထင်ရှားကြောင်း တွေ့ရှိရရင် သေဒဏ်ပေးဖို့လည်း စုံစမ်းစစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။ 

ကိုးကား- Malaymail 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013