DVB Logo
Home
Lead Story
ဖရူဆို မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် စုံစမ်းစစ်ဆေး အရေးယူရန် UNICEF တောင်းဆို
DVB
·
December 29, 2021
ဖရူဆို မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် စုံစမ်းစစ်ဆေး အရေးယူရန် UNICEF တောင်းဆို
Donate to DVB

ကယားပြည်နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က ကလေး ၄ ယောက်နဲ့ လူသားချင်း စာနာထောက်ထားမှုအဖွဲ့အစည်း Save the Children မှ ဝန်ထမ်းနှစ်ယောက် အပါအဝင် လူ ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ သတ်ဖြတ်မီးရှို့ခံရမှုအပေါ် တုန်လှုပ်ချောက်ချား ဝမ်းနည်းမိပါကြောင်း UNICEF က ထုတ်ပြန်ကြေညာပါတယ်။ 

ဒီလို လုံးဝလက်မခံနိုင်စရာ အဖြစ်ဆိုးကို စုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးတကြီး အရေးယူဖို့ UNICEF က တောင်းဆိုထားပါတယ်။

ခိုင်လုံတဲ့သတင်းတွေအရ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး ၂ ယောက်၊ ဆယ်ကျော်သက် မိန်းကလေး တယောက်နဲ့ အသက် ၅ နှစ်မှ ၆ နှစ်ကြား ကလေးတယောက်တို့ အပါအဝင် တိုက်ခိုက်မှုအတွင်း ကလေး ၄ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံတွေမှာ ဖော်ပြပါတယ်။

Save the Children မှ ဝန်ထမ်းနှစ်ယောက်ဟာ ဖရူဆိုမြို့နယ် အနီးနားရှိ အသိုက်အဝန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် Save the Children - လွိုင်ကော်ရုံးကို ပြန်လာချိန်မှာ သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။

အရပ်သားတွေ၊ ကလေးတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေအပေါ် ဒီလို တိုက်ခိုက်မှုကို UNICEF က ပြင်းပြင်းထန်ထန ရှုတ်ချကြောင်း UNICEF ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စဒီဘိုရာကိုမီနီက ပြောပါတယ်။ 

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အရ ပဋိပက္ခဖြစ်နေချိန်အတွင်း အရပ်သားတွေရဲ့ အကာအကွယ်ကို အထူးသဖြင့် ကလေးသူငယ်တွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားတွေကို ဦးစားပေးအနေနဲ့ သဘောထားရမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013