DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ငါးခြောက်ဈေး မြင့်တက်လာပြီး အရောင်းအဝယ်အေး
DVB
·
December 29, 2021
ရေးမြို့နယ်တွင် ငါးခြောက်ဈေး မြင့်တက်လာပြီး အရောင်းအဝယ်အေး
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်က ငါးခြောက်ဈေးတွေမှာ အရင်ဈေးတွေထက် ပိုမိုဈေးမြင့်တက် သွားသလို ငါးခြောက်ကုန်တွေ အဝင်နည်းသွားတာကြောင့် အရောင်းအဝယ်ပါ အေးနေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အရင် ကိုဗစ်ကာလမှာ ဈေးတွေသိပ်ပြီး မတက်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး မြန်မာငွေ တန်ဖိုးကျဆင်းပြီးတဲ့နောက် တခြားရေလုပ်ငန်းသုံး ပစ္စည်းတွေရဲ့ စရိတ်တွေလည်း ၂ ဆ လောက် မြင့်တက်သွားသလို ငါးခြောက်ကုန်ကြမ်းတွေလည်း အဝင်သိပ်မရှိတာကြောင့် စျေးကွက်မှာ ငါးခြောက်စျေးတွေက ပိုတက်သွားတယ်လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ငါးခြောက်ဈေးနှုန်း ၁ ပိဿာကို ကျပ် ၅ဝဝဝ လောက် မြင့်တက်သွားတာဖြစ်ပြီး အရင်က ငါးရောင် ၁ ပိဿာ ၆၀၀၀ ကျပ်ကနေ အခု ၁၀၀၀၀ အထက်၊  ငါးမန်းခြောက် ၁ ပိဿာ  ကျပ် ၇၀၀၀ မှ ကျပ်  ၁၁၀၀၀၊ ငါးနှပ်ခြောက်က ကျပ်  ၈၀၀၀ မှ ကျပ် ၁၄၀၀၀ ကျပ်ထိဖြစ်သွားတယ်လို့  စျေးသည်တဦးက ပြောပါတယ်။

အိမ်ရှင်မတဦးက “အခုချိန်မှာ ငါးခြောက်ဈေးကအစ၊ ကုန်စိမ်း သားငါးဈေးပါ အားလုံးနီးပါး လိုက်တက်တော့ ကျမတို့လို့ အိမ်ရှင်မတွေမှာ အလုပ်က မရှိ၊ ၀င်ငွေလည်းမရှိတဲ့အခါ ဈေးတွေကလည်း ကြီး ပြန်တော့ ရှေ့ဆက် စားဝတ်နေရေးကမစဉ်စားရဲဘူး” လို့  ပြောပါတယ်။

ရေးမြို့နယ်မှာ ထွက်ရှိတဲ့ ငါးခြောက်ကုန်တွေကို အနယ်နယ်အရပ်ရပ်က ဝယ်ယူနေကြပေမဲ့ အခု နိုင်ငံရေးရဲ့ အခြေနေတွေကြောင့် စျေးကွက်မှာ အရောင်းအဝယ် မရှိကြဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013