DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ် ရေမြက်ကျေးရွာတွင် အသတ်ခံထားရသည့် ဒေသခံ ၇ ဦး အလောင်းတွေ့ရှိ
DVB
·
December 24, 2021
ရေဦးမြို့နယ် ရေမြက်ကျေးရွာတွင် အသတ်ခံထားရသည့် ဒေသခံ ၇ ဦး အလောင်းတွေ့ရှိ
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရေမြက်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ငါးစီးနဲ့ ဝင်ရောက် ပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ပြည်သူတွေရဲ့  အလောင်း ၇ လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေဆီက သိရပါတယ်။

“Dead Body အလောင်း ၇လောင်းအထိ ရှာတွေ့ထားတယ်။ DB တွေမှာ ရဲဒင်းနဲ့ခုတ်၊ မီးရှို့၊ သေနတ်နဲ့ခေါင်း တေ့ပစ်ထားတာတွေ တွေ့ရတယ်။ အမျိုးသမီးအလောင်းကိုလည်း တွေ့ထားတယ်”လို့ ဒေသခံ PDF အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရေမြက်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး  ကျေးရွာ ထွက်ပေါက်တွေကို အင်အား ၈၀ ကျော်လောက်နဲ့  ပိတ်ဆို့ထားခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျေးရွာဒေသခံတချို့က ကျေးရွာအတွင်းဝင်ရောက်ကြည့်ရှုရာက အလောင်း ၇ လောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ကျေးရွာလုံးကျွတ်နီးပါး နေအိမ်များစွာကို  မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းက တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်တယ်။ ရဟတ်ယာဉ်တွေပျံဝဲပြီးတော့ လက်နက်ကြီးတွေ နဲ့ထုတယ် ပစ်တယ်၊ ရွာထဲက လူတွေ အကုန် ခြေဦးတည့်ရာ ပြေးကြရတာ၊ ပြီးတော့ အိမ်တွေထဲက အဖိုးတန်တဲ့ပစ္စည်းတွေကိုယူတယ် မီးရှို့တယ်။ အခုထိ မီးရှို့ခံထားရတဲ့ အိမ်အလုံးရေကို အတိအကျ မသိရသေးဘူးဗျ။ ဒီကနေ့မှ ရွာကတချို့ ရွာထဲပြန်ဝင်ပြီးတော့ ကြည့်တော့မှ လက်နက်မှန်သေတဲ့သူရယ်၊ အိမ်ထဲက ဘယ်မှ ထွက်မပြေးနိုင်တဲ့ အသက်ကြီးတဲ့ သူရယ်၊ အလောင်း ၇ လောင်းကိုတော့ တွေ့ထားရတယ်၊ ဒီထက် မကလည်းရှိနိုင်သေးတယ်။ ကျနော်တို့မှာ လုပ်ကိုင်စားရတဲ့ ကျွဲနွားတွေလည်း မရှိတော့ဘူးဗျာ အကုန် မီးရှို့ခံရလို့ သေတာနဲ့ လက်နက်ထိလို့ သေကုန်တာနဲ့ပါ။ စစ်တပ်ကိုလည်း မြန်မြန်ပြန်စေချင်နေပါပြီ မဟုတ်ရင် တစ်ရွာလုံး သေကုန်ကြရတော့မှာပါ။ အခုအချိန်က ခဏငြိမ်နေတဲ့အခြေအနေ ဟိုနေ့ကလိုပဲ ထပ်ပြီးပြန်လာမလား မပြောနိုင်သေးဘူးဗျ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီကြောင့် ရေဦးမြို့နယ်အတွင်း ရေမြက်ကျေးရွာအပါအဝင် လေးရွာအုပ်စု၊ ပလူဇ၀၊ ကွမ်းအုံ၊ ရေမျက်၊ ဝသဲ၊ ခေါင်နွဲ့၊ ပေကြီး၊ တမတောနဲ့ မကျီးနီ စတဲ့ အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေဦးက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီက ရဟတ်ယာဉ်သုံးပစ်ခတ်ခဲ့မှုမှာလည်း ရေမြက်ကျေးရွာက ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံ ၁၀ ဦးလောက် သေဆုံးခဲ့ပါတယ်။

Photo ဒေသခံတစ်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013