DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို မဲမသမာမှုစွပ်စွဲချက်ဖြင့် ထောင် ၃ နှစ်ထပ်ချ
DVB
·
December 23, 2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို မဲမသမာမှုစွပ်စွဲချက်ဖြင့်  ထောင် ၃ နှစ်ထပ်ချ
1 / 2
Donate to DVB

ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီလက်အောက်ခံ ဘားအံမြို့နယ်တရားရုံးက  မဲမသမာမှု စွပ်စွဲချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ ဒီဇင်ဘာ ၂၂ ရက်က ထောင် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ရာဇသတ်ကြီးပုဒ်မ  ၅၀၅-ခ နဲ့ ၂ နှစ် ၊ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့  အမှု ၅ မှုအတွက် ၇၅ နှစ် အားလုံးထောင်ဒဏ် ၇၇ နှစ်ရှိနေတဲ့အပြင် အခုနောက်ထပ် ထောင်ဒဏ် ၃ နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချမှတ်ခံထားရပါတယ်။

ကရင်ပြည်နယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မဲမသမာမှုဖြစ်အောင်လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဘားအံမြို့နယ် ထောင်တွင်းတရားရုံးကနေ ထောင် ၃ နှစ်ချမှတ်ခဲ့တာပါ။။

“ဘားအံမြို့နယ်တရားရုံးက ထောင်တွင်းတရားရုံးအနေနဲ့ စစ်ဆေးတာဖြစ်တယ်။ ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ သူကို ဘာပုဒ်မနဲ့ စွဲလို့ စွဲမှန်းမသိရပဲ တရားခွင်တက်ခဲ့ရတာ။ နောက် မိသားစုနဲ့ တွေ့ဆုံပြီး ရှေ့နေငှားရမ်းခွင့်ဆိုတဲ့ အစီအစဉ်တွေ လုပ်လို့မရဘူး။ မရတော့ ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင်က အမှုကို ဘာမှ ပြန်လှန်ပြောဆို မေးမြန်းပြုခြင်း မရှိဘဲနဲ့ ဝန်ခံချင်လည်း မရှိဘဲနဲ့ အမှုကို ဒီအတိုင်းပဲ ရင်ဆိုင်လိုက်ပြီးတော့ အမိန့်ချလိုက်တယ်”လို့ တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ 

ဒေါ်နန်းခင်ထွေးမြင့်အမှုကို မူလလိုက်ပါခဲ့တဲ့ ရှေ့နေ ဦးအောင်သိန်းက” အမှုတစ်ခုကို တရားရုံးရှေ့မှာ ရင်ဆိုင်ရပြီဆိုရင် ဒီကန့်သတ်ထားတဲ့ ဥပဒေမှလွဲ၍ ကျန်တဲ့သူတွေဟာ ပွင့်လင်းမြင်သာစွာ အများပြည်သူကြားနာခွင့်ရှိတဲ့ တရားရုံးမျိုးဖြစ်ဖို့တော့ လိုတယ်”လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စတင်ဖမ်းဆီးခဲ့ပြီး ၂ ရက်က ပြန်လည်လွတ်ပေးခဲ့ပြီးနောက်  ၈ ရက်နေ့မှာ စစ်တပ်က နောက်ထပ်တကြိမ် ထပ်မံဖမ်းဆီးပြီး ဘားအံအကျဉ်းထောင်မှာ အခုချိန်အထိ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ဟာ ကျန်းမာရေးမကောင်းမွန်တဲ့အတွက် ဆရာဝန်ရဲ့ အနီးကပ် စောင့်ရှောက်ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ ကြားသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013