DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက်ရောက် စစ်ရှောင် ၂၀၀ ကျော် နေရပ်ပြန်
DVB
·
December 21, 2021
ထိုင်းဘက်ရောက် စစ်ရှောင် ၂၀၀ ကျော် နေရပ်ပြန်
1 / 8
Donate to DVB

စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း စစ်ဘေးရှောင်စခန်းမှာ ထွက်ပြေးခိုလှုံနေသူတွေထဲက ၂၀၀ ကျော် ဒီနေ့ နေရပ်ပြန်သွားကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကနေ ထွက်ပြေးသွားတဲ့ စစ်ရှောင် ၂၁၉ ဦးဟာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်ပွဲသံ မကြားရတော့တာကြောင့် မိမိဆန္ဒအလျောက် ထိုင်းစစ်ရှောင်စခန်းကနေ မြဝတီမြို့ ဖလူးလေးရွာကို ပြန်လာကြတာလို့ ဆိုပါတယ်။

နေရပ်ပြန်သွားသူတွေကတော့ ကျား ၁၁၃ ဦး၊  မ ၆၅ ဦးနဲ့ ကလေး ၄၁ ဦး ပါဝင်တယ်လို့ ထိုင်းစစ်တပ် ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။

ဆန္ဒအလျောက် နေရပ်ပြန်သူတွေဟာ နှစ်ဘက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာပါက ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်လာကြဦးမယ်လို့ ထိုင်းဘက်ခြမ်း စစ်ရှောင်စခန်းမှာ နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ထိုင်းဘက် တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူ ၁၃၀ ကျော်ကို ထိုင်းတာဝန်ရှိသူတွေက နယ်ခြားစောင့်တပ် (BGF) ဆီ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တို့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင် ၄၀၀၀ ဝန်းကျင်နဲ့ မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ၄၀၀၀ ဝန်းကျင်ရှိနေတယ်လို့ မြဝတီမြို့နယ် ဖလူးကျေးရွာ ဥက္ကဋ္ဌဟောင်းက အတည်ပြုပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်က ကေအန်ယူနယ်မြေ လေးကေ့ကော်ဒေသကို  စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာရာက KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013