DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် တရုတ်နိုင်ငံသားများအပါအဝင် ကျောက်သမား ၂၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
December 20, 2021
မန္တလေးတွင် တရုတ်နိုင်ငံသားများအပါအဝင် ကျောက်သမား ၂၀၀ ကျော် ဖမ်းဆီးခံရ
1 / 2
Donate to DVB

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊  ၁၅ လမ်းနဲ့ ၁၆ လမ်းကြား၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားမှာ ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီကျော်လောက် ကျောက်သမား ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

တရားမဝင် ကျောက်စိမ်းအရောင်းအဝယ်လုပ်တယ်ဆိုပြီး တရုတ်နိုင်ငံသား ကျောက်ကုန်သည်တွေအပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ကျော် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ကျောက်သမားတစ်ဦးက  “ကျောက်ဝိုင်းဘက်လည်း နေ့လယ်က ဝင်ဖမ်းတယ် ကြားတယ်။ နောက် အောင်မြေသာစံဘက်လည်း ဝင်ဖမ်းတယ်။ ဒီအချိန် ကျောက်လုပ်ငန်းကလည်း အရောင်းအဝယ်က မဖြစ်ဘူး။ ဒါကို ဖမ်းတာ။ ပြည်သူတွေ ငတ်နေပြီ။ ဓားပြတိုက်ဖို့ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို မန္တလေးမြို့ အိုးဘိုထောင်မှာ ထားရှိပြီး အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေပေးခွင့်မရသလို ဘယ်သူနဲ့မှ တွေ့ခွင့်မရဘူးလို့လည်း ကုန်သည်တဦးက ပြောပါတယ်။

"ဖမ်းသွားတာ နေ့လယ် ၁၂ နာရီလောက်က ဖမ်းသွားတာ။ တချို့က ထမင်းလည်း မစားကြရသေးဘူး၊ ဒီပုံအတိုင်းဆို ဒီနေ့အဖို့ ဘာမှမထူးနိုင်သေးဘူး။ ညအိပ်ဖို့စောင်၊ ခြင်ထောင်နဲ့စားစရာလည်း ပေးခွင့်မရှိဘူး။ လူတွေတောင်တွေ့ခွင့်မပေးဘူး" လို့ အိုးဘိုထောင်ရှေ့ ရောက်ရှိနေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျောက်ကုန်သည်နဲ့ပွဲစားတွေကို တယောက်ကျပ် ၁၀ သန်းကနေ ကျပ် သိန်း ၂၀ အထိ ပေးရမယ်ဆိုပြီး ခြိမ်းခြောက် တောင်းဆိုနေတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

အခုလိုဖမ်းဆီးတာဟာ တရုတ်နိုင်ငံက WeChat နဲ့ ကျောက်စိမ်းရောင်းဝယ်သူတွေကို ကျောက်ဝိုင်းရဲ့အတွင်းဘက်မှာ အရောင်းအဝယ်လုပ်ဖို့ သတိပေးညွှန်ကြားထားတာကို မလိုက်နာဘဲ အပြင်ဘက်မှာ အရောင်းအဝယ် ပြုလုပ်နေတာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ကျောက်ကုန်သည်တချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အခု ဖမ်းဆီးမှုကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013