DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန်စစ်ရှောင် ၂၀၀ ခန့် မဲထော်သလေးရွာအဝင် စစ်တပ်ကပစ်ခတ်သဖြင့် ထိုင်းဘက် ပြန်ပြေး
DVB
·
December 19, 2021
နေရပ်ပြန်စစ်ရှောင် ၂၀၀ ခန့် မဲထော်သလေးရွာအဝင် စစ်တပ်ကပစ်ခတ်သဖြင့် ထိုင်းဘက် ပြန်ပြေး
1 / 4
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၆ မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်နဲ့ KNLA နှစ်ဘက်တိုက်ပွဲတွေကြောင့် ထိုင်းဘက်တိမ်းရှောင်လာသူ ၂၀၀ လောက် ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက နေရပ်ပြန်ရာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ပြန်ပြေးလာကြရတယ်လို့  သိရပါတယ်။

နေရပ်ပြန်သူတွေကို ထိုင်းတာဝန်ရှိသူတွေက သောင်ရင်းမြစ်ကမ်းပါးအထိ ပို့ဆောင်ပေးခဲ့ကြပေမဲ့ မြဝတီခရိုင်တောင်ဘက် မဲထော်သလေး ရွာအဝင်မှာ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပြန်ပြေးလာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းဘက်ခြမ်း ပြန်ပြေးလာကြတဲ့ စစ်ရှောင်တွေကို ဖုတ်ဖရမြို့နယ် မယ်ကော့ကင်းမှာ နေရာချပေးထားတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်လက်နက်ကိုင်တပ်တွေအကြား ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မဲထော်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက် ထိုင်းဘက်မှာ လာရောက်ခိုလှုံနေကြတာပါ။

တိုက်ပွဲကြောင့် မဲဆောက်မြို့ကို ရောက်နေကြရတဲ့ ကရင်စစ်ပြေး ဒုက္ခသည်တွေကို ဒေသခံ ထိုင်းလူမျိုးတွေက အစားအသောက်၊ ငွေကြေး၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ လှူဒါန်းနေတဲ့အပြင် ကိုယ်တိုင်လည်း ဝင်ရောက်ချက်ပြုတ် ကျွေးမွေးနေကြပါတယ်။  

မြဝတီခရိုင် လေးကေ့ကော်ဘက်ခြမ်းနဲ့ ကော့ကရိတ်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေယာဉ်တွေ၊ သံချပ်ကာကားတွေ သုံးပြီး ထိုးစစ်အရှိန်မြှင့်နေတာကြောင့် စစ်ပွဲတွေ ပြင်းထန်လာဖို့ ရှိနေတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013