DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းနှင့် ရှားတောမြို့နယ် ဒေသအချို့ကို Stay at Home ပယ်ဖျက်
DVB
·
December 13, 2021
ဖားဆောင်းနှင့် ရှားတောမြို့နယ် ဒေသအချို့ကို Stay at Home ပယ်ဖျက်
Donate to DVB

ကယားပြည်နယ် ဖားဆောင်းမြို့နယ်နဲ့ ရှားတောမြို့နယ်တို့က ဒေသအချို့ကို   နေအိမ်တွင်းနေထိုင်ရေး (stay at Home) အစီအစဉ်ကနေ ပယ်ဖျက်လိုက်တယ်လို့  ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။

ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ရာမှာ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ ပြည်နယ်အတွင်း ရောဂါကူးစက်မှု များပြားနေတဲ့ သက်ဆိုင်ရာမြို့နယ်တွေကို (Stay at Home) သတ်မှတ်ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာပြည်နယ် အဝန်းအဝိုင်းနယ်မြေအတွင်း နေထိုင်သူအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေကို တိကျစွာလိုက်နာတဲ့အတွက် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိမှု လျော့နည်းလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ လိုခါးလိုကျေးရွာအုပ်စုနဲ့ ရှားတောမြို့နယ် ရှားတောင်မြို့စည်ပင် သာယာရေးနယ်နိမိတ်တွေကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၄ နာရီကစပြီး Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ လိုခါးလို ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်တာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ကစပြီး Stay at Home သတ်မှတ်ကြေညာခဲ့တာပါ။

မြို့နယ် နှစ်ခုက ကိုဗစ်ကူးစက်မှုလျော့နည်းသွားတဲ့ ဒေသကို Stay at Home ပယ်ဖျက်လိုက်ပေမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ လူပေါင်း ၆၇ ဦးကို ကိုဗစ်-၁၉  စစ်ဆေးခဲ့ရာ ၂ ဦး ပိုးတွေ့ရှိခဲ့တယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ  ဇွန် ၂၉ ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅၈၅၂ ဦးရှိပြီး အဲထဲက ၂၄၂ ဦး သေဆုံးသွားပါတယ်။

ပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်ဟာ ပိုးတွေ့ ၂၈၄၂ ဦး၊ သေဆုံးသူ ၂၀၅ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013