Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 12, 2021
267165032_585191052557090_3979017107774992182_n

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယာကြီး-က‌လေးလမ်းပေါ်  ယာကြီးနဲ့ လာပို့ကျေးရွာကြား ၆၁ မိုင်နားမှာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်း ၈ နာရီက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အယောက် ၂၀ ထက်မနည်း သေဆုံးဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။

ကနီမြို့နယ်တော်လှန်ရေးအင်အားစု B21 ရဲ့ တပ်ရင်းမှူးက ''ဒီကောင်တွေ ၆၂ မိုင်မှာ မနေ့က တပ်စွဲ ညအိပ်တယ်။ ဒီနေ့မနက်ခင်း ၆၁ မိုင်မှာ မိုင်စွဲတာတွေ ထပ်လုပ်ခဲ့တယ်။ သေတာက ၁၀ ဦး အတိအကျရှိမယ်။ မိုင်းစွဲတဲ့နေရာတွေမှာ ကျန်တဲ့ လဲကျနေတာတွေရော ပေါင်းရင် အယောက် ၂၀ ရှိတယ်” လို့ ပြောပါတယ်။

မိုင်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အယောက် ၂၀ ထက်မနည်း သေဆုံးဒဏ်ရာရမှုနဲ့နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်အတွင်း ဒီဇင်ဘာ ၁၀ ရက်ကတည်းက ဝင်လာနေတာဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီနေ့ မိုင်ဆွဲခံရတဲ့ ၆၁ မိုင်နေရာနားက ဒေသခံ လူနေအိမ်တဲတွေကို မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

ကနီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ‌ မြေပြင်မှာရော ချင်တွင်းမြစ်ကြောင်းမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပြီ ဒေသခံအများအပြား စစ်ဘေးရှောင်နေရကာ  ဒီနေ့လည်း  နှစ်ဖက်တင်းမာနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024