DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် မိုင်းမတော်တဆမှုကြောင့် တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး
DVB
·
December 11, 2021
ဝက်လက်တွင် မိုင်းမတော်တဆမှုကြောင့် တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း Mission တခု ဆောင်ရွက်နေစဉ် မတော်တဆ မိုင်းပေါက်ကွဲခဲ့ပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးသွားတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

“ဒီဇင်ဘာ ၉ ရက်နေ့ ညပိုင်း မိုင်းပြင်ဆင် ဆောင်ရွက်နေတုန်း မတော်တဆ ပေါက်ကွဲခဲ့ပြီး နှစ်ယောက်လုံး ကျဆုံးသွားကြတာပါ။ သူတို့အတွက် နှမြောရုံကလွဲပြီး ဘာမှ မတတ်နိုင်သေးပါဘူး။ သူတို့ တာဝန်ကျေသွားကြပါပြီ။ မပြီးဆုံးသေးတဲ့ တိုက်ပွဲကိုပဲ ကျနော်တို့ ဆက်လက် တာဝန်ကျေအောင် ဆောင်ရွက်ကြရမှာပဲ” လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သူတွေဟာ ရဲဘော် သုတ နဲ့ ရဲဘော် ရာမ တို့ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေ‌ကို မြို့နယ် ပကဖက ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုဟ် ပေးလိုက်တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်မှာလည်း ဒီဇင်ဘာလ ၅ ရက်နေ့က မိုင်းမတော်တဆဖြစ်ပြီး တော်လှန်ရေး ‌ရဲဘော် ၃ ဦး ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013