DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၄၇ ဦးတွေ့ရှိပြီး ၅ ဦး ထပ်မံသေဆုံး
DVB
·
December 10, 2021
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၄၇ ဦးတွေ့ရှိပြီး ၅ ဦး ထပ်မံသေဆုံး
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၄၇ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၅၂၅,၇၅၀ ယောက် ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်>

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး>

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၄၃၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၃၄၇ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒသမ ၃ ရာခိုင်နှုန်း  ရှိနေပါတယ်>

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၄၃၀   ယောက် ရှိနေတယ်လို့ ဆိုပါတယ်>

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၅ ယောက်နဲ့ စုစုပေါင်းသေဆုံးသူအရေအတွက်ကတော့ ၁၉,၁၆၂ ယောက် ရှိနေပါတယ်>

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်>

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတာ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံ ရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013