DVB Logo
Home
မြန်မာသတင်း
NUG နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်ကို မြန်မာပြည်တွင်း၌ ရောင်းချမည်
DVB
·
December 8, 2021
NUG နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်ကို မြန်မာပြည်တွင်း၌ ရောင်းချမည်
Donate to DVB


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်တွေကို မြန်မာနိုင်ငံ ပြည်တွင်းမှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုရဲ့ ငွေကြေးပို့ဆောင်တဲ့စနစ်၊ အုပ်ချုပ်ရေးနဲ့ ဘဏ်စနစ်တွေအတိုင်း KPICT (Kachin Political Interim Coordination Team) နဲ့ ပူးပေါင်းလက်ခံဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

ငွေတိုက်စာချုပ်တွေကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်မယ့် နည်းလမ်းတွေနဲ့ရောင်းချသွားမယ့် အစီအစဉ်အသေးစိတ်နဲ့ စတင်ရောင်းချသွားမယ့် နေ့ရက်တို့ကို ထပ်ပြီး ထုတ်ပြန်ကြေညာပေးသွားမယ်လို့ NUG ကဆိုပါတယ်။

NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ စတင်ရောင်းချပြီး ၂ နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရပါတယ်။

ဝယ်ယူသူ အရမ်းများတဲ့အတွက် ငွေတိုက်စာချုပ်ရောင်းချတဲ့ လုပ်ငန်းစဉ်ကို နိုဝင်ဘာ ၂၉ ရက်ကစပြီး ခေတ္တရပ်နားထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013