DVB Logo
Home
မြန်မာသတင်း
လဟယ် အ.ထ.က ကျောင်းတွင် ကျောင်းသူကျောင်းသားအပါအဝင် ၄၀ နီးပါး ကိုဗစ်ကူးစက်ခံရ
DVB
·
December 5, 2021
လဟယ် အ.ထ.က ကျောင်းတွင် ကျောင်းသူကျောင်းသားအပါအဝင် ၄၀ နီးပါး ကိုဗစ်ကူးစက်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လဟယ်မြို့ အထက်တန်းကျောင်းမှာ ဒီဇင်ဘာ ၄ ရက်နေ့က ကျောင်းသားနဲ့ဆရာ ၄၀ နီးပါး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

“ဒီကနေ့မနက် လဟယ်မြို့ အ.ထ.က ကျောင်းမှာ အယောက် ၁၀၀ ကိုဗစ်-၁၉ စစ်ဆေးတယ်ကျ၊ ကျောင်းသူကျောင်းသား ၃၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရတယ်၊ ဆရာမက ၄ ဦး စုစုပေါင်း ၃၉ ဦး ကိုဗစ်ပိုးတွေ့ခဲ့တယ်” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျောင်းသားမိဘတစ်ဦးက “ကိုဗစ်ပိုး ကူးစက်ခံရတဲ့အတွက် စိုးရိမ်နေကြတယ်။ အခု ဘယ်ကဘယ်လို ကူးစက်တယ်ကိုမသိရဘူး။ ကျမတို့ သားတွေအတွက် စိုးရိမ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အခြေခံစာသင်ကျောင်းတွေကို နိုဝင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ ကူးစက်ခံရသူပေါင်း ၅၂၄,၀၀၀၊ သေဆုံးသူ  ၁၉,၁၃၅  ယောက် ရှိပြီလို့ ဒီဇင်ဘာ ၄ ရက်နေ့ည စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013