DVB Logo
Home
မြန်မာသတင်း
သုတေသနအယ်ဒီတာ ကိုအောင်မျိုးထက်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်သည့်အပေါ် ISP Myanmar ကန့်ကွက်
DVB
·
December 3, 2021
သုတေသနအယ်ဒီတာ ကိုအောင်မျိုးထက်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်သည့်အပေါ်  ISP Myanmar ကန့်ကွက်
Donate to DVB

သုတေသန အယ်ဒီတာ ကိုအောင်မျိုးထက်ကို  စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် မှတ်လိုက်တဲ့အပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)က ကန့်ကွက်လိုက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)ရဲ့ သုတေသန အယ်ဒီတာ ကိုအောင်မျိုးထက်ကို နိုဝင်ဘာ ၃၀ ရက်က ရွှေဘိုထောင်တွင်းမှာ ပြုလုပ်တဲ့ ကန့်ဘလူမြို့နယ်တရားရုံးကနေ  ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာပါ။

ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ISP Myanmar က  ကြေညာချက်ထုတ်ပြန်ထားပြီး  ကိုအောင်မျိုးထက်ဟာ သူ့ရဲ့ ဇာတိ ကန့်ဘလူမြို့မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာနယ်ဇင်းသမားအဖြစ်လုပ်ကိုင်ဖူးသူ ကိုအောင်မျိုးထက်ကို ဖမ်းဆီးချိန်မှာ သတင်းထောက်လို့ ယူဆတာ၊ DVB နဲ့ Mizzima သတင်းဌာနတို့ကို သတင်းတွေပေးပို့နေတယ်လို့ ယူဆတာတွေကြောင့်  စစ်ကောင်စီက  ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ခံနေရချိန်မှာ ကိုအောင်မျိုးထက်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့နေတာကို ထပ်ပြီးပြတဲ့ သာဓက တခုဖြစ်ပြီး ဒီအမိန့်ကို ပြန်ပြင်ဆင်ဖို့လည်း ISP Myanmar က တောင်းဆိုပါတယ်။

ကိုအောင်မျိုးထက်ဟာ  The Voice ၊ တနင်္သာရီဂျာနယ်တို့မှာ သတင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး သူ့ကို  စစ်တပ်က ထောင်ဒဏ်ချမှတ်တာကို ကန့်ကွက်ကြောင်းနဲ့ သတင်းသမား အားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့  Myanmar Press Freedom In-Depth  (MPFI-D) အဖွဲ့ကလည်း သတင်းထုတ်ပြန်တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှာ သတင်းသမား ၁၁၆ ယောက် ဖမ်းဆီးခံရပြီး ၃၇ ယောက်ကို လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကာ ဒီထဲက ၂ ယောက်ကိုတော့ ထောင်ဒဏ်ချမှတ်ထားပါတယ်။

ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ စွဲဆိုထားတဲ့ အမှုတွေကိုလည်း ရုပ်သိမ်းပေးဖို့ ISP Myanmar က တောင်းဆိုပါတယ်။

ISP Myanmar ဟာ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရှင်သန်အား ကောင်းရေးအတွက် ၂၀၁၆ ခုနှစ်ကစလို့ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

Photo Credit- MPFI-D 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013