DVB Logo
Home
မြန်မာသတင်း
သီရိလင်္ကာနိုင်ငံက မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀,၀၀၀ တင်သွင်းမည်
DVB
·
November 30, 2021
သီရိလင်္ကာနိုင်ငံက မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀,၀၀၀ တင်သွင်းမည်
Donate to DVB

သီရိလင်္ကာနဲ့ မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ်အရ မြန်မာနိုင်ငံကနေ  ဆန် မက်ထရစ် တန် ၂၀,၀၀၀ တင်သွင်းဖို့ သီရိလင်္ကာအစိုးရက အတည်ပြုခဲ့ပါတယ်။

မကြာသေးမီက ပြုလုပ်တဲ့ အပတ်စဉ်  သီရိလင်္ကာအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲ့ဒီဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံအတွင်း ပြတ်လပ်မှုမရှိပဲ လုံလောက်တဲ့ အရန်ဆန်တွေ သိုလှောင်ထားနိုင်စေဖို့နဲ့ လုံခြုံစိတ်ချရတဲ့ ဆန်သိုလှောင်မှုကို ထိန်းသိမ်းထားနိုင်စေဖို့အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုချက် ရယူခဲ့တယ်လို့ ဆိုပါတယ်။

သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီးရဲ့ အဆိုပြုချက်မှာ နှစ်နိုင်ငံ သဘောတူညီချက်အရ သီရိလင်္ကာနိုင်ငံတော်ကုန်သွယ်မှု (အထွေထွေ) ကော်ပိုရေးရှင်းမှတဆင့် ဆန် မက်ထရစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၀ တန်ဖိုးရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013