DVB Logo
Home
မြန်မာသတင်း
CDM ဆရာ၊ ဆရာမများ၏ အခက်အခဲ လိုအပ်ချက်များ သိနိုင်ရန် သုတေသနပြုလုပ်မည်
DVB
·
November 28, 2021
CDM ဆရာ၊ ဆရာမများ၏ အခက်အခဲ လိုအပ်ချက်များ သိနိုင်ရန် သုတေသနပြုလုပ်မည်
Donate to DVB

CDM ဆရာ၊ ဆရာမတွေရဲ့  လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ ခံစားချက်တွေကို ပိုမိုသိရှိနိုင်ရန်အတွက် နွေဦးတက္ကသိုလ်ရဲ့ အဆင့်မြင့်ပညာကဏ္ဍက CDM ဆရာ၊ ဆရာမတွေနဲ့ မေးမြန်းဆွေးနွေးကာ သုတေသနပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီ သုတေသနမှတဆင့် တွေ့ရှိချက်တွေကို မြန်မာနိုင်ငံရဲ့ ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ အသုံးဝင်မယ်လို့ နွေဦးတက္ကသိုလ် တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါကြောင့် နွေဦးတက္ကသိုလ်ရဲ့ ဆွေးနွေးမေးမြန်းမှုမှာ ပါဝင်ပေးနိုင်ဖို့အတွက် CDM ဆရာ၊ ဆရာမတွေကို ဖိတ်ခေါ်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ နွေဦးတက္ကသိုလ်ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

CDM ဆရာ ဆရာမတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံးဆိုင်ရာများကိုလည်း နွေဦးတက္ကသိုလ်မှ ကာကွယ်ထိန်းသိမ်းပေးသွားမှာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်ကို ၂၀၂၁ မေလမှာ စတင်တည်ထောင်ခဲ့ပြီး ကြားကာလပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သင်တန်းများဖွင့်လှစ်ကာ သင်ကြားပေးနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကြားကာလပညာရေးကို ပိုမိုပံ့ပိုးပေးနိုင်ဖို့ နွေဦးတက္ကသိုလ်ကနေ စာပေသင်ကြားတာအပြင် CDM ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမတွေနဲ့ တခြားသောဝန်ထမ်းတွေအတွက် အကူအညီများ  ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013