DVB Logo
Home
မြန်မာသတင်း
အရည်အသွေးပြည့် ပညာရေးဖော်ဆောင်မည်ဟု မကွေးဒေသကြားကာလအခြေခံပညာရေး ဘုတ်အဖွဲ့ ပြော
DVB
·
October 23, 2025
အရည်အသွေးပြည့် ပညာရေးဖော်ဆောင်မည်ဟု မကွေးဒေသကြားကာလအခြေခံပညာရေး ဘုတ်အဖွဲ့ ပြော
Donate to DVB

မကွေးဒေသနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို ထောက်ပံ့ပေးဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးရရှိဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ မကွေးတိုင်း ကြားကာလအခြေခံပညာရေးဘုတ်အဖွဲ့က နေသိရပါတယ်။

ပညာရေးဘုတ်အဖွဲ့အနေနဲ့ ဒေသတွင်းပညာရေးဆိုင်ရာ ကိစ္စရပ်တွေကို ထောက်ပံ့ကူညီနိုင်ဖို့လည်း လုပ်ဆောင်သွားမယ်လို့  ရွေးချယ်ခံ စီမံရေးရာတာဝန်ခံ   ဆရာငြိမ်းသူရက DVB ကို ပြောပါတယ်။

"ပြည်သူတွေကို ကောင်းကျိုးပြုနိုင်တဲ့၊ မကွေးဒေသနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အထောက်အကူပြုပံ့ပိုးပေးနိုင်တဲ့၊ အခြေခံပညာရေးမိတ်ဖက်များကွန်ရက် တခု ပေါ်ထွက်လာဖို့၊ စဉ်ဆက်မပြတ်တဲ့ပညာသင်ယူခွင့်နဲ့ အရည်အသွေးပြည့်ဝတဲ့ အခြေခံပညာရေး ရရှိပြီး လူ့အဖွဲ့အစည်းအားလုံးနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ပြီးတော့  လူ့ဘောင်အတွက် ကောင်းကျိုးပြုနိုင်မယ့် လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့၊ ပြီးတော့ လူ့စွမ်းအား အရင်းအမြစ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ကြားကာလပညာရေးလုပ်ငန်းတွေကို ဒေသအသီးသီးက ပညာရေးမိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မှာ ဖြစ်တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ကျောင်းနေကလေးအရွယ်အားလုံး စဉ်ဆက်မပြတ်ပညာသင်ယူခွင့်ရရှိရေး၊ မကွေးဒေသ တော်လှန်ရေး အခြေခံပညာရေးအင်အားကို စနစ်တကျ အစီအမံတွေ မြှင့်တင်ပေးရေး၊ အရည်အသွေးပြည့်ဝတဲ့ ပညာရေးရရှိဖို့အတွက် လိုအပ်တဲ့ပညာရေးဆိုင်ရာ အရင်းအမြစ်တွ ဖြည့်တင်းပေးရေးနဲ့ ပညာရေးဆိုင်ရာလုပ်ငန်းတွေကို မကွေးဒေသကြား ကာလအခြေခံပညာရေး ကိုယ်စားပြုဘုတ်အဖွဲ့က ဦးဆောင်ပြီးတော့ အထောက်အထာအခြေပြု အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသတွင်း ပညာရေးဆိုင်ရာ အခက်အခဲနဲ့ပဋိပက္ခတွေကို အချင်းချင်း ပံ့ပိုးကူညီပေးဖို့နဲ့ ဒေသတွင်းမှာရှိတဲ့ CDM နိုင်ငံဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပညာသင်ယူခွင့် အထောက်အပံ့အကူညီတွေအတွက် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

မကွေးတိုင်းရဲ့ ကြားကာလအခြေခံပညာရေး ဘုတ်အဖွဲ့လုပ်ငန်းလမ်းညွှန်ကို  ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်မှာ ပထဆုံးအနေနဲ့ စတင်ရေးဆွဲအတည်ပြုခဲ့ပြီး အောက်တိုဘာ ၁ ရက်မှာ ဘုတ်အဖွဲ့ဝင်တွေ ရွေးချယ်တင်မြှောက်ခဲ့ကာ လုပ်ငန်းတာဝန်တွေ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘုတ်အဖွဲ့ဆီက ပြောပါတယ်။ 

ရွေးချယ်တင်မြှောက်ရေးကော်မရှင်အဖွဲက အတည်ပြုထုတ်ပြန်ထားတဲ့ ရွေးချယ်ခံ ကိုယ်စားလှယ် လောင်း ၁၅ ယောက်အပြင် မကွေးဒေသထဲမှာရှိတဲ့ မြိုနယ်ပညာ‌ရေးဘုတ်အဖွဲ့တွေ၊ ပညာရေးအစုအဖွဲ့ အသီးသီးရဲ့  ဆန္ဒသဘောထားတွေနဲ့အတူ မကွေးဒေသအခြေခံပညာရေး ကိုယ်စားပြုဘုတ်အဖွဲ့ ဦးဆောင်အဖွဲဝင်တွေကို ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013