DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ထိုင်းကလေးများနေ့အထိမ်းမှတ်ပွဲ ကျင်းပမည်မဟုတ်
DVB
·
November 26, 2021
ကိုဗစ်-၁၉ ကြောင့် ထိုင်းကလေးများနေ့အထိမ်းမှတ်ပွဲ ကျင်းပမည်မဟုတ်
Donate to DVB

ထိုင်းနိုင်ငံမှာ နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ် စနေနေ့ရောက်တိုင်း ကလေးများနေ့အခမ်းအနားကို နိုင်ငံတဝန်း ကျင်းပရာမှာ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကူးစက်မှုကြောင့် ကျင်းပ မှာမဟုတ်ဘူးလို့ သိရပါတယ်။ 

ကလေးများနေ့ကျင်းပရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ပညာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး လာမယ့် ၂၀၂၂ ဇန်နဝါရီ ၈ ရက်မှာ ကျရောက်မယ့် ကလေးများနေ့အခမ်းအနားကို ခါတိုင်းနှစ်တွေလို ကျင်းပမှာမဟုတ်ဘဲ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အွန်လိုင်းကနေသာ ကျင်းပသွားမှာဖြစ်ကြောင်း၊ ဘယ်လိုပုံစံနဲ့ကျင်းပမလဲ ဆိုတာကိုတော့ နှစ်ကုန်ပိုင်းမှာ နောက်ထပ်ထုတ်ပြန်ကြေညာသွားမယ်လို့ ထိုင်းပညာရေးဌာန ဒုဝန်ကြီး နိုင်းထနူး ခွမ်တေချ်က သတင်းထောက်တွေကို ပြောပါတယ်။

တနိုင်ငံလုံးက လူငယ်ထူးချွန်ဆုရွေးချယ်ခံထားရတဲ့ လူငယ်လူရွယ်ပေါင်း ၇၈၉ ယောက်ကို ခါ တိုင်းနှစ်တွေလို ဘန်ကောက်အစိုးရအိမ်တော်သို့ ခေါ်ယူလေ့လာစေပြီး ဝန်ကြီးချုပ်ကို ဂါရဝပြု မယ့်အစီအစဉ်လည်း ဘယ်လိုပုံစံနဲ့ဖြစ်မလဲဆိုတာ  ဆွေးနွေးနေဆဲဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ အရင်က ကလေးများနေ့ရောက်တိုင်း ကလေးများနေ့အခမ်းအနားကို နေရာတိုင်း၊ ဌာနတိုင်းလိုမှာ ကျင်းပလေ့ရှိပြီး ကလေးကဗျာရွတ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ စသဖြင့်ကျင်းပတာ မိသားစုအသီးသီးက မိမိကလေးတွေခေါ်ပြီး တိရစ္ဆာန်ရုံ၊ ပန်းခြံတွေကို ခေါ်လည်တာ၊ လေတပ်ထဲမှာလည်း ကလေးတွေကို တင့်ကားလက်နက်တွေ လေ့လာစေပြီး ရဟတ်ယာဉ် အပျော်ခေါ်စီးတာတွေ  လုပ်ပေးလေ့ရှိပါတယ်။ 

လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ဒီနှစ်ဆန်း ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ထိုင်းနိုင်ငံမှာ ကလေးများနေ့အခမ်းအနား မကျင်းပဖြစ်ခဲ့ပါဘူး။ ကိုးကား -  https://news.thaipbs.or.th/content/310028

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013