DVB Logo
Home
မြန်မာသတင်း
မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ၅ ဦးထက်မနည်းဒဏ်ရာရ
DVB
·
November 26, 2021
မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ၅ ဦးထက်မနည်းဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ် မတူပီမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် နေ့လယ်က မတူပီ-CDF နဲ့ CNA တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ မတူပီ CDF တပ်ဖွဲ့က နေ သိရပါတယ်။

မတူပီ-ပလက်ဝ လမ်းပေါ်မှာ အခြေစိုက်ထားတဲ့ ခမရ- ၃၀၄ တပ်ရင်း ကင်းစခန်းကို မနေ့ နေလယ် ၁ နာရီခွဲလောက် မတူပီ CDF နဲ့ CNA တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ကင်းစောင့်နေတဲ့ တပ်သား ၂ ယောက်သေဆုံးသွားပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ မတူပီ CDF နဲ့ CNA ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခမရ-၃၀၄ တပ်ရင်းက တပ်သားတွေဟာ မတူပီ-ပလက်ဝလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်စစ်ဆေးတာတွေ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတူပီ-ပလက်ဝ လမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး ၊ကျန်းမာရေးကိစ္စတွေအတွက် မတူပီမြို့ပေါ်ကို သွာလာရခက်ခဲနေတာကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားတဲ့ စစ်ကောင်စီတပ်တွေကို ညီနောင်မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မတူပီမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၃၅၀၀ လောက်ရှိနေပြီးတော့ စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီကတော့ သီးခြားအတည်မပြနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013