DVB Logo
Home
မြန်မာသတင်း
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်အမှု တရားလိုကို စတင်စစ်ဆေး
DVB
·
November 25, 2021
သြစတြေးလျနိုင်ငံသား  စီးပွားရေးပညာရှင် ရှောင်တာနယ်အမှု တရားလိုကို စတင်စစ်ဆေး
Donate to DVB

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်  ပါမောက္ခ ရှောင်တာနယ်ရဲ့အမှုကို နိုဝင်ဘာ ၂၅ ရက်  ဒီကနေ့​​​​ နေပြည်တော်ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ စီးပွားရေးအကြံပေး  ရှောင်တာနယ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်အက်ဥပဒေ ၃(၁)(ဂ)၊ လ၀က ဥပဒေတို့နဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ အစိုးရလျှို့ဝှက်အက်ဥပဒေ ၃(၁)(ဂ) အမှုမှာ  တရားလို ရဲမှူး အောင်မျိုးလွင်ကို စတင်စစ် ဆေးတယ်၊ စစ်ဆေးမှုတွေ မပြီးပြတ်တဲ့အတွက် နောက်တစ်ပတ် ဒီဇင်ဘာ ၂ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ စစ်ဆေးချက်အသေးစိတ်ကိုတော့ မရဘူး   တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လ၀က အက်ဥပဒေအမှုနဲ့ပတ်သက်ပြီး တရားလိုဘက်က ခွင့်တိုင်ကြားတဲ့အတွက် နောက်တစ်ပတ် ဒီဇင်ဘာ ၂ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ ရုံးချိန်းထွက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ငါးဦးစလုံး ကျန်းမာရေးကောင်း မွန်တယ်လို့လည်း အဆိုပါ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

မစ္စတာရှောင်တာနယ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန် ကြီး)၊ ဦးဆက်အောင် (စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013