DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့နယ်တွင် ပျူစောထီးအဖွဲ့ ဖောက်ခွဲပစ်ခတ်မှုကြောင့် ဒေသခံများထွက်ပြေးနေရ
DVB
·
November 25, 2021
မြို့သစ်မြို့နယ်တွင် ပျူစောထီးအဖွဲ့ ဖောက်ခွဲပစ်ခတ်မှုကြောင့် ဒေသခံများထွက်ပြေးနေရ
Donate to DVB

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မန်ကျည်းကုန်းကြီးရွာမှာ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်တွေက ဗုံးတွေ သေနတ်တွေ ပစ်ခတ်ဖောက်ခွဲတာကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မန်ကျည်းကုန်းကြီးရွာမှာ ဒီမနက် ၂ နာရီလောက်က ဗုံး ၂ လုံးပေါက်ကွဲပြီး သေနတ် ၁၀ ချက်လောက် ပစ်ဖောက်ခဲ့တာဖြစ်ပါတယ်။  

ဒေသခံတစ်ယောက်က “ပျူစောထီး၊ ဒလန်တယောက်ဖြစ်တဲ့  သားသတ်လုပ်ငန်း လုပ်ကိုင်သူ ဘိုလေးရဲ့ နေအိမ်မှာ အသံဗုံးတစ်လုံးနဲ့  ဘောလုံးကွင်းထဲမှာလည်း အသံဗုံးတစ်လုံးကွဲတယ်။ ရွာထဲမှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို အော်ဟစ်ဆဲဆိုကာ သေနတ်ကို မိုးပေါ် ထောင်ပြီး ၁၀ ချက်လောက်ပစ်တယ်ဗျ” လို့ ပြောပါတယ်။ 

ပျူစောထီးတွေက လုပ်ကြံဖန်တီးပြီး ဖောက်ခွဲပစ်ခတ်ကာ PDF တပ်ဖွဲ့ကို အထင်မြင်လွဲ အောင်လုပ်တာဖြစ်ပြီး သူတို့ လုံခြုံမှုအတွက် ရွာကို တပ်လာစွဲအောင် တင်မင်ရည်ရွယ်ပြီး လုပ်ကြတာလို့ ​ရွာသားတွေက ပြောပါတယ်။

မန်ကျည်းကုန်းကြီးရွာမှာ နိုဝင်ဘာ ၉ ရက်ကလည်း  ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် မကွေးတက္ကသိုလ် ဓာတုဗေ ပထမနှစ်ကျောင်းသူတယောက်ကို  စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက်မနက်ကလည်း မြိုင် PDF နဲ့ ပခုက္ကူ PDFတို့ ပူးပေါင်းပြီး ပစ်ခတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတချို့သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

လက်ပံတိုနဲ့ အရာတော်လမ်းမှာ မနေ့မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ့ ဆီဘောက်ဆာ ယာဉ်တွေကို လုံခြုံရေးပေးလာတဲ့ စစ်တပ်ကို မြိုင် PDF ရဲ့ လက်ခွဲ မြေခွေးပြောက်ကျားတပ်ဖွဲ့နဲ့ ပခုက္ကူ PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး တာဝေးပစ်လက်နက်နဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်တာလို့ မြိုင် PDF တပ်ဖွဲ့ရဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရေနံပိုက်လိုင်းတွေကို ဖျက်ဆီးထားတာကြောင့် ပိုက်လိုင်းကနေ ပို့လို့မရတဲ့ အတွက် ဆီဘောက်ဆာ ၅ စီးကို ပွိုင့်ကား ၂ စီး၊ ဖောကား ၂ စီး၊ဆိုင်ကယ် ၁၀ စီးနဲ့ စစ်ကောင်စီ တပ်သားတွေ လုံခြုံရေးယူပြီးတော့ သယ်ထုတ်လာတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ဖွဲ့တွေက တာဝေးပစ်လက်နက်နဲ့ လှမ်းပစ်လိုက်တော့ ပထမဆုံး စက်လတ်လက်နက် တင်ထားတဲ့ ပွိုင့်ကားကို သွားထိပြီးတော့ သုံးမရအောင် ပျက်စီးသွားသလို စက်လတ်ပါ ပျက်စီးသွားပြီးတော့ အဲဒီကားပေါ်က အကြမ်းဖက်စစ်သား ၃ ယောက် အဝေးကို လွင့်ထွက်သွားတယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာ နောက်ပွိုင့်ကားက အကြမ်းဖက်စစ်သားတွေဟာ ဆဲဆိုပြီးတော့ ပစ်ခတ်ခံရတဲ့ ကားပေါ်က စက်လတ် အကျိုးအပဲ့တွေနဲ့ ကျည်ဆန်တွေကို ရွှေ့သယ်နေတဲ့အချိန် ထပ်ပြီးတော့ မိုင်ခွဲတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း မြိုင်-လင်းကတောလမ်းမှာ လင်းကတောစခန်းမှူး လင်မယား စီးလာတဲ့ ကားကို မြိုင် PDF တပ်ဖွဲ့က မိုင်း ၆ လုံးဆွဲပြီးတိုက်ခိုက်ရာ လင်မယား ၂ ယောက်စလုံး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013