DVB Logo
Home
မြန်မာသတင်း
DVB ရုပ်သံလိုင်း ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှုပေးသည့် ဟိုတယ်၊ တည်းခိုခန်းများကို အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်
DVB
·
November 23, 2021
DVB ရုပ်သံလိုင်း ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှုပေးသည့် ဟိုတယ်၊ တည်းခိုခန်းများကို အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်
Donate to DVB

DVB ရုပ်သံလိုင်း ဖမ်းယူကြည့်ရှုနိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ်တွေ၊  တည်းခိုရိပ်သာတွေနဲ့ ခရီးသွား လုပ်ငန်းတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ခြိမ်းခြောက် သတိပေး ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ရေးသားထုတ်ဝေပြသခွင့်ပိတ်သိမ်းထားတဲ့   DVB၊ 7days၊ Myanmar Now၊ မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ပြသမှုတွေကို ဖမ်းယူကြည့်ရှုနိုင်ဖို့ တရားမဝင် ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်တွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ်၊ တည်ခိုခန်းနဲ့ ခရီးသွားလုပ်ငန်းတွေကို တည်ဆဲဥပဒေအရ၊ အမိန့်၊ ညွှန်ကြားချက်တွေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ခရီးသွားဌာနက  နိုဝင်ဘာလ ၂၂ ရက်မှာ  တရားဝင်စာထုတ်ပြန်လိုက်တာပါ။

အမိန့်ထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ရက်‌ပေါင်း ၃၀ အတွင်း ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့အဖွဲ့အစည်းတွေကလွဲပြီး မှတ်ပုံတင်ထားခြင်း၊ လိုင်စင်ရယူထားတာမရှိတဲ့ ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်တွေကို သက်ဆိုင်ရာမြို့နယ်နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကို အပ်နှံရမယ်လို့လည်း ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီးနောက် လွပ်လပ်တဲ့ သတင်း မီဒီယာတွေကို  ပိတ်သိမ်းပြီး ရာနဲ့ချီတဲ့  သတင်းသမားတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့တာ ဖြစ်ပါတယ်။  

 ဒါအပြင်  DVBနဲ့ မဇ္ဈိမ  ရုပ်သံလိုင်းတွေ ဖမ်းယူကြည့်ရှုနိုင်တဲ့ ဂြိုဟ်တုစလောင်းတွေကို နိုင်ငံအနှံ့ လိုက်လံ သိမ်းဆည်းတာ၊ ဖျက်ဆီးတာတွေနဲ့ စလောင်းတပ်ထားတဲ့ နေအိမ်တွေက  အိမ်ရှင်တွေကို ဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013